• Follow Us on
Latest News

Home မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာ

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

 

မြန်မာနိုင်ငံထဲမှာ မြန်မာ့တပ်မတော်နဲ့ သူပုန်အဖွဲ့တွေကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားနေရာ မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉၅ ဦးထက်မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

 

မကြာသေးခင်ရက်တွေအတွင်း မြန်မာအစိုးရတပ်ဖွဲ့ဝင်တွေနဲ့ AA သူပုန်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေရာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်လာတာဖြစ် ကြောင်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

 

မြန်မာနိုင်ငံဘက်က အာဏာပိုင်တွေကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ပြောကြားခြင်းမရှိပါဘူး။ နယ်စပ် ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ လူနာ ၁၇ ဦးကို မြင်ခဲ့ရကြောင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။

 

“လူနာအားလုံး သေနတ်ဒဏ်ရာရထားတဲ့သူတွေပါပဲ။ အဲဒီအထဲက လူနာနှစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရပြီး ငါးဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပါတယ်။” လို့ MSF က ပြောပါတယ်။

 

၂၀၁၇ ခုနှစ်တုန်းက မြန်မာ့တပ်မတော်ရဲ့ထိုးစစ်ကြောင့် မြန်မာနိုင်ငံထဲက လူနည်းစုမူဆလင်အုပ်စုဖြစ်တဲ့ ဘင်္ဂလီလူမျိုး တစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြပါတယ်။

 

အဲဒီ ဘင်္ဂလီဒုက္ခသည်အများစုဟာ လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နို်င်ငံ ကော့ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်း တစ်ခုမှာ ခိုလှုံနေပါတယ်။

 

မြန်မာနို်င်ငံဘက် တိုက်ပွဲဖြစ်ပွားရာနေရာကနေ လက်နက်ငယ်ကျည်တွေနဲ့ စိန်ပြောင်းကျည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ကျလာပြီး ဘင်္ဂလားဒေ့ရှ်လူမျိုး နှစ်ဦးထက်မနည်း သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင် တွေက တနင်္လာနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) က ပြောပါတယ်။

 

Ref: Nearly 100 Myanmar Border Guards Flee to Bangladesh: VOA

 

#PeopleMedia


Share this post