မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆၈ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ရောက်ခိုလှုံလာ
PUBLISHED - February 5, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆၈ ဦး ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ကို တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့) က ထွက်ပြေးခိုလှုံလာခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ် Barta34 သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်ဒေသ သုံးနေရာမှာ သေနတ်သံတွေကြားနေရကြောင်း ဒေသ ခံတွေက ပြောပါတယ်။
ဂွမ်ဒမ်နယ်စပ်ဒေသဖြစ်တဲ့ ဘန်ဒါဘန်မြို့ရဲ့ နိုက်ခွန်ခါ အပ်ဇီလာ၊ ကော့ဘဇားခရိုင် ယူခီယာဘလူခါလီရဲ့ ဒီကူ ဘာနီယာနဲ့ တီနတ်မြို့က ရီဇူအမ်တာလီဒေသမှာ သေနတ်သံတွေကြားနေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားသံတွေကြောင့် ဒေသခံတွေကြောက်လန့်နေကြပြီး နယ်စပ်မှာနေထိုင်ခဲ့ဒေသခံတွေဟာ ၎င်းတို့ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေပါတဲ့အများစုကတော့ အနီးအနားမှာရှိတဲ့ ဆွေမျိုးသားချင်းအိမ်တွေ မှာ သွားရောက်ခိုလှုံနေကြပြီး ယောက်ျားတွေကသာ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) ဝင် ၆၈ ဦးဟာ ၎င်း တို့ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘန်ဒါဘန်မြို့နယ် နိုက်ခွန်ခါ အပ်ဇီလာမှာရှိတဲ့ တမ်ဘရူ နယ်စပ်ဒေသကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB က မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ BGP ဝင်တွေရဲ့ လက်နက်တွေကို ဖြုတ်သိမ်းလိုက်ပြီး ဒဏ်ရာရလာတဲ့ တပ်ဖွဲ့ဝင် ၁၅ ဦးကို ဆေးဝါးကုသပေးထားတယ်လို့ ဆိုပါတယ်။
နယ်စပ်ဒေသတစ်ဖက်နိုင်ငံထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသမှာ ရှိတဲ့ စာသင်ကျောင်းတွေကို ယာယီပိတ်ထားလိုက်ပြီး အခြေအနေတွေ ပုံမှန်ပြန်ဖြစ်မလာခင်အထိ စာသင် ကျောင်းတွေကို ဆက်လက်ပိတ်ထားမှာဖြစ်ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။
Ref: 68 Myanmar border guards take shelter in Bangladesh
#PeopleMedia