• Follow Us on
Latest News

Home မြန်မာနိုင်ငံကို ကူညီဖို့ အာဆီယံအသင့်ပြင်ထားသင့်ကြောင်း မားကို့စ်ပြော

မြန်မာနိုင်ငံကို ကူညီဖို့ အာဆီယံအသင့်ပြင်ထားသင့်ကြောင်း မားကို့စ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈

 

လက်ရှိဖြစ်ပွားနေတဲ့ ဖရိုဖရဲအခြေအနေတွေကြားမှာ မြန်မာနိုင်ငံကို ကူညီဖို့အတွက် အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့ (အာဆီယံအဖွဲ့) အနေနဲ့ အသင့်ပြင်ဆင်ထားသင့်ကြောင်း ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာက တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၁၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲဖြစ်တာကို အာဆီယံ-ဂျပန် အစည်းအဝေး ပထမရက် မှာမိန့်ခွန်းပြောကြားစဉ် မားကို့စ်က အလေးထားထောက်ပြပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ပြည်တွင်းပဋိပက္ခတွေကြောင့် မထမ်း ဆောင်နိုင်တဲ့ မြန်မာနိုင်ငံထံက လွှဲပြောင်းရယူခဲ့ပါတယ်။

 

“ပါဝင်ပတ်သက်တဲ့သူအားလုံးနဲ့ ကြိုတင်ဆက်သွယ်ထားတဲ့လမ်းကြောင်းကတစ်ဆင့် ပိုမိုဆိုးရွားလာတဲ့အကြမ်း ဖက်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့အခက်အခဲဒုက္ခတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို အသိအမှတ်မပြုဘဲနဲ့ ဒေသတွင်းက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအကြောင်းကိုလည်း ကျွန်တော်တို့ ဆွေးနွေး နိုင်မှာ မမဟုတ်ပါဘူး။” လို့ မားကို့စ်က ပြောပါတယ်။

 

“ကျွန်တော်တို့ဘေးက ထိုင်ခုံက လွတ်နေပေမဲ့လည်း မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ မိသားစုတစ်စုအနေနဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းဖြစ်သလို AHA စင်တာ (ဘေးဒုက္ခစီမံခန့်ခွဲရေးဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများအတွက် အာဆီယံပေါင်းစပ်ညှိနှိုင်း ရေးစင်တာ) ရဲ့ လုပ်ထုံးလုပ်နည်းလည်းဖြစ်တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကတစ်ဆင့် မြန်မာနိုင်ငံတွင်းက အခြေအနေတွေ လျော့ပါးသက်သာစေဖို့အရေး ကူညီဖို့အတွက် ကျွန်တော်တို့အနေနဲ့ အသင့်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့အတွက် ဘုံသဘောတူညီချက်ငါးရပ်ကို ၂၀၂၁ ခုနှစ်က အာဆီယံခေါင်းဆောင်တွေက သဘောတူညီခဲ့ပါတယ်။ အဲဒီဘုံသဘောတူညီချက်ငါးရပ်ထဲမှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းရေးတောင်းဆို သွားဖို့ ပါဝင်ပါတယ်။

 

ဒါပေမဲ့ သုံးနှစ်ထဲရောက်လာတဲ့အချိန်အထိ မြန်မာနိုင်ငံဟာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားသူပုန်တွေကြား က စစ်ပွဲဒဏ်ကို ခံစားနေရဆဲဖြစ်ပါတယ်။

 

Ref: Asean should be ready to help Myanmar, says Marcos

 

#PeopleMedia


Share this post