မြန်မာနိုင်ငံကို ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ အာဆီယံနိုင်ငံတွေကို မလေးရှားတောင်းဆို
PUBLISHED - September 5, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၅
မြန်မာ နစက အစိုးရဖန်တီးထားတဲ့ “အခက်အခဲအတားအဆီး” တွေဟာ နိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ် ကို ပိတ်ဆို့ထားတဲ့အတွက် နစက အစိုးရကို ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ မလေးရှားနိုင်ငံက အ ရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင်နိုင်ငံတွေကို တနင်္လာနေ့ (စက်တင်ဘာလ ၄ ရက်နေ့) က တောင်းဆိုလိုက်ပါ တယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာတဲ့အထိ အကြမ်းဖက်မှုတွေအဆုံးမသတ်နိုင်သေးတဲ့အတွက် အာဆီယံအဖွဲ့ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို အာဆီယံသံတမန်တွေက ပြန်လည်ဆန်းစစ်လေ့လာနေစဉ်အတွင်း မှာ မလေးရှားနိုင်ငံက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံက နစက အစိုးရကို ပြင်းထန်ပြီးထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ မချမှတ်ဘဲနဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားလို့ရမှာ မဟုတ်ဘူးဆိုတာကို မလေးရှားနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက အမြင်တွေကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဗ္ဗဒူကာဒီယာက အင်ဒိုနီးရှားနိုင်ငံမှာ ဆွေးနွေးပွဲကျင်းပပြီးနောက် သတင်းထောက်တွေကို ပြောပါတယ်။
၎င်းနဲ့အတူ သဘောထားအမြင်တူပါတယ်ဆိုတဲ့ အာဆီယံအဖွဲ့ဝင်တခြားနိုင်ငံတွေရဲ့ နာမည်တွေကိုတော့ မ လေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အာဆီယံခေါင်းဆောင်တွေဟာ အခုသီတင်းပတ်အတွင်း ဂျကာတာမြို့မှာတွေ့ဆုံဆွေးနွေးနေကြရာ အဲဒီဆွေး နွေးပွဲမှာ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အတွက် ကျင့်ဝတ်စည်းကမ်း၊ ဒေသတွင်းစီးပွားရေး၊ နယ်မြေ ဖြတ်ကျော်မှုခင်းတွေနဲ့ တခြားအကြောင်းအရာတွေကို ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ဟာ အာဆီယံဘုံသဘောတူညီချက်ငါးချက်လို့ သိထားကြတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သဘော တူညီထားကြပါတယ်။ အဲဒီအစီအစဉ်အရ ြ့မန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းမပြီး အဖွဲ့အစည်း တွေအားလုံး ဆွေးနွေးကြရမှာဖြစ်ပေမဲ့ အခုအချိန်အထိ အကောင်အထည်မဖော်နိုင်သေးဘူးလို့ဆိုပါတယ်။
နစက အစိုးရဖန်တီးထားတဲ့ အတားအဆီးတွေကြောင့် ငြိမ်းချမ်းရေးအစီအစဉ်ကို ထိရောက်စွာအကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ ဇမ်ဘရီက ပြောပါတယ်။
နစကအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်လို့မရပေမဲ့ နစကအစိုးရကတော့ ၎င်းတို့အနေနဲ့ ပြည်တွင်းပြည် ပ အဖျက်အမှောင့်ရန်တွေကနေ တိုင်းပြည်ကို ကာကွယ်ဖို့ဆောင်ရွက်နေကြောင်း ပြောဆိုရင်း ပြင်ပကဝေဖန်မှု တွေကို ပယ်ချခဲ့ပါတယ်။
Ref: Malaysia calls on ASEAN for ‘strong measures’ on Myanmar
#PeopleMedia