• Follow Us on

Home မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့နေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ တောင်းဆို

မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့နေတာတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ တောင်းဆို

Share this post

နိုင်ငံတကာ၊ ဧပြီ ၅

 

မြန်မာ နစက အစိုးရကို လေယာဉ်ဆီတွေရောင်းချခြင်းမပြုဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီက ကြာသပတေးနေ့ (ဧပြီ ၄ ရက်နေ့) က တောင်းဆိုလိုက်ပါတယ်။

 

ပြည်သူတွေကို အကြမ်းဖက်နှိပ်ကွပ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာအစိုးရနဲ့ အီရန်အစိုးရတို့ကို ဖိအားပေးဖို့ ရည်ရွယ်ပြီး အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီက သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ချိုးဖောက်ရာမှာ အဲဒီလေယာဉ်ဆီတွေကို အသုံးပြုနေ တယ်လို့ ယုံကြည်ရင် လေယာဉ်ဆီရောင်းချတာကို ရပ်တန့်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံကို တရားမဝင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ တင်ပို့တာကိုလည်း ရပ်တန့်ထားဖို့ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းခဲ့ပါတယ်။

 

မြန်မာ နစက အစိုးရဟာ ဒီမိုကရေစီလိုလားသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ခိုက် ရာမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုကျူးလွန်မှုတွေ တိုးမြှင့်ဆောင်ရွက်နေကြောင်း လူ့အခွင့်အရေး ကောင်စီက ခန့်အပ်ထားတဲ့ လွတ်လပ်တဲ့ကျွမ်းကျင်သူတစ်ဦးက ပြီးခဲ့တဲ့လက သတိပေးခဲ့ပါတယ်။

 

နစက အစိုးရခေါ် မြန်မာ့တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချ ပြီး အာဏာထိန်းသိမ်းခဲ့တာ သုံးနှစ်ကျော်ကာလရှိပြီဖြစ်ပါတယ်။

 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကတစ်ဆင့် တစ်နိုင်ငံလုံး လက်နက်ကိုင်တော်လှန်ရေး ပျံ့နှံ့ သွားပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။

 

မြန်မာနိုင်ငံကို လေယာဉ်ဆီတွေ တရားမဝင်ပေးပို့တင်သွင်းနေတာကို Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) က အကြိမ်ပေါင်းများစွာထောက်ပြခဲ့သလို လောင်စာဆီထောက်ပံ့ရေးကွင်းဆက်အ တွက် မြန်မာနိုင်ငံက စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားနေတဲ့ ကြိုးပမ်းမှုအချက်အလက်တွေကို ဇန်နဝါရီလအတွင်းက ထောက်ပြခဲ့ပါတယ်။

 

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီလမ်းကြောင်းတစ်ခုကတစ်ဆင့် လေယာဉ်ဆီ ၇ ကြိမ်ထက်မနည်း တင်သွင်းခဲ့ကြောင်း Amnesty International က ပြောပါတယ်။

 

လက်ရှိအချိန် လူ့အခွင့်အရေးကောင်စီမှာ နေရာတစ်နေရာရှိနေတဲ့ ဗီယက်နမ်နိုင်ငံကတော့ လူ့အခွင့်အရေး ကောင်စီရဲ့ဆုံးဖြတ်ကို မထောက်ခံခဲ့ဘူးလို့ ဆိုပါတယ်။

 

Ref: UN calls on governments to stop exports of jet fuel to Myanmar

 

#PeopleMedia


Share this post