• Follow Us on
Latest News

Home မြန်မာနိုင်ငံက ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြန်လည်ခေါ်ယူ

မြန်မာနိုင်ငံက ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြန်လည်ခေါ်ယူ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆

 

အင်ဂျင်ပျက်ပြီး ပင်လယ်ထဲမှာမျောနေတဲ့ ဆွဲပိုက်လှေထဲက ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၁၅ ဦးကို ဘင်္ဂလား ဒေ့ရှ်ရေတပ်က ကယ်ဆယ်ခဲ့ပါတယ်။

 

အရေးပေါ် တယ်လီဖုန်းနံပတ် ၉၉၉ ကို ဖုန်းဝင်လာပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ရေတပ်က အခုလိုကယ်ဆယ် နိုင်ခဲ့တာဖြစ်ပါတယ်။

 

မာမိုနီအမည်ရတဲ့ အဲဒီဆွဲပိုက်လှေဟာ ဇန်နဝါရီလ ၃ ရက်နေ့က ချက်တိုဂရမ်အဏ္ဏဝါမှာရှိတဲ့ ဂါဟီယာကမ်း ခြေကနေ ပင်လယ်ထဲကိုထွက်ခွာခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့အင်စက်တော် အန္နဝါဆတ္တာက ပြောပါတယ်။

 

ရေလုပ်သား ၁၅ ဦးပါတဲ့ အဲဒီပိုက်ဆွဲလှေဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ စက်လှေရဲ့အင်ဂျင်ရှပ် ကျိုးသွားတဲ့ အတွက် ရေလုပ်သားတွေဟာ အဲဒီပိုက်ဆွဲလှေနဲ့အတူ ပင်လယ်ထဲမှာမျောနေပါတယ်။

 

၁၀ ရက်ကြာတဲ့အထိ ၎င်းတို့လှေအနီးဝန်းကျင် ပင်လယ်ထဲမှာ သင်္ဘောတစ်စီးတလေမှ မတွေ့ရဘူးလို့ ဆိုပါတယ်။

 

ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံက ပိုက်ဆွဲလှေတစ်စင်းက မျောနေတဲ့ဘင်္ဂလားဒေ့ရှ်ပိုက်ဆွဲလှေကို တွေ့ရှိသွားပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေကြောင်းနယ်စပ်ကို ဆွဲခေါ်သွားခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ရေလုပ်သားတစ်ဦးက ၎င်းတို့ကို မြန်မာ့ရေတပ်က ထိန်းသိမ်းထားကြောင်း ဆွဲပိုက်လှေပိုင်ရှင်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက် လှေပိုင်ရှင် အိုဘိုင်ဒူဟာကွေးက ချက်တိုဂရမ်အဏ္ဏဝါမှာရှိတဲ့ အမျိုးသားအရေးပေါ်ဌာန ၉၉၉ ကို ဖုန်းဆက်အကြောင်းကြားပြီး အကူအညီတောင်းခံခဲ့ပါတယ်။

 

ရရှိတဲ့သတင်းအချက်အလက်တွေပေါ်မူတည်ပြီး အဲဒီရေလုပ်သားတွေကို ကယ်ဆယ်ဖို့အတွက် အမျိုးသား အရေးပေါ်ဌာန ၉၉၉ ကတာဝန်ကျရဲအရာရှိက ကမ်းခြေစောင့်တပ်ဖွဲ့ကြီးကြပ်ရေးစခန်းနဲ့ စိန့်မာတင်ကျွန်းက ကမ်းခြေစောင့်တပ်ဖွဲ့ထံ ဆက်လက်သတင်းပို့ခဲ့ပါတယ်။

 

ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်န်စပ်ကို သွားရောက်ပြီး မြန်မာ့ရေ တပ်က ထိန်းသိမ်းထားတဲ့ ဆွဲပိုက်လှေနဲ့ ရေလုပ်သားတွေကို ပြန်လည်ခေါ်ယူလာခဲ့ပါတယ်။ အဲဒီနောက် ရေလုပ်သားတွေအားလုံးကို စိန့်မာတင်ကျွန်းကို ခေါ်ဆောင်သွားကြောင်းသိရပါတယ်။

 

Ref: 15 stranded fishermen rescued 10 days after their trawler suffers engine failure

 

#PeopleMedia


Share this post