• Follow Us on

Home မြန်မာနိုင်ငံက ပါဝင်ပတ်သက်နေသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံပြော

မြန်မာနိုင်ငံက ပါဝင်ပတ်သက်နေသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂

 

အာဆီယံအဖွဲ့ဟာ ဆက်လက်အင်အားကြီးမားနေစဉ်အတွင်း အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့က တန်ဖိုးထားရ တဲ့ နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ချာတူလောင်ဘူအာဆစ်ဆီဗက်က ပြောပါတယ်။

 

“အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ တန်ဖိုးရှိတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယဟာ အာဆီယံကို နားလည်ပြီး အာဆီယံဒေသကို တောက်လျှောက်ကူညီနေတဲ့နိုင်ငံဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အာဆီယံအဖွဲ့အတွက် အရေးကြီးတဲ့အချက်တွေထဲက တစ်ခုကတော့ မြန်မာနိုင်ငံထဲက မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့ ဘုံသဘောတူညီချက်ငါးရပ်ချမှတ်ခဲ့ပြီး မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါ တယ်။ အထူးကိုယ်စားလှယ်တစ်ဦးကိုလည်း ခန့်အပ်ခဲ့ပါတယ်။ အဲဒီအထူးကိုယ်စားလှယ်က နိုင်ငံခြားရေးဝန် ကြီးဌာနကို တာဝန်ခံရမှာဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက ပဋိပက္ခထဲမှာပါဝင်ပတ်သက်နေသူ အများအပြား နဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာ့အိမ်နီးချင်းအနေနဲ့ အိန္ဒိယနိုင်ငံဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတဲ့အတွက် အိန္ဒိယနိုင်ငံ နဲ့ ဆက်ဆံရေးမပြတ်အောင် ထိန်းသိမ်းထားခြင်းဟာ အာဆီယံအဖွဲ့နဲ့ အဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင် နေတဲ့ လာအိုနိုင်ငံအတွက် အလွန်အရေးကြီးကြောင်း ၎င်းက ပြောပါတယ်။

 

ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး (RCEP) နဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို ပြန်လည်စဉ်းစားလိမ့်မယ်လို့ အာဆီယံအဖွဲ့အနေနဲ့ မျှော်လင့်နေဆဲလည်းဖြစ်ပါကြောင်း ၎င်းက ပြောပါတယ်။

 

RCEP ဆိုတာ မြန်မာအပါအဝင် အာရှနဲ့ ပစိဖိတ်ဒေသမှ တိုင်းပြည်တွေကြား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ် ဖြစ်ပါတယ်။

 

ဒေသတွင်း စီးပွားရေးကုန်သွယ်မှုသဘောတူညီချက်ဖြစ်တဲ့ RCEP နယ်ပယ်ထဲကို အိန္ဒိယနိုင်ငံပြန်လည်ဝင် ရောက်လာရေးနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ်ဘူအာဆစ်ဆီဗက်က “အိန္ဒိယနိုင်ငံအတွက် တံခါးတွေ ပိတ်မထားပါဘူး။ ဒီသဘောတူညီချက်ထဲက တန်ဖိုးတွေကို အိန္ဒိယနိုင်ငံက ကြည့်မြင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေဆဲပဲဖြစ်ပါတယ်။” လို့ ပြောပါတယ်။

 

RCEP ဟာ သြစတေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ပါဝင်တဲ့ အာရှ-ပစိဖိတ်နိုင်ငံတွေ ကြားက လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုဖြစ်ပါတယ်။

 

Ref: India remains valued partner of ASEAN: Director-General ASEAN Dept in Laos Foreign Ministry

 

#PeopleMedia


Share this post