မြန်မာနိုင်ငံက ပြည်တွင်းစစ်နဲ့ အိန္ဒိယအကျိုးစီးပွားများ

PUBLISHED - February 13, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃ (ဆောင်းပါး)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချလိုက်တဲ့အချိန်မှာ မြန်မာ့ တပ်မတော်ခေါင်းဆောင်တွေဟာ အာဏာသိမ်းမှုကြောင့်ထွက်ပေါ်လာတဲ့ လူထုတော်လှန်ရေးလှုပ်ရှားမှုဟာ လ အနည်းငယ်အတွင်းမှာပဲ ပြန်လည်ငြိမ်သက်သွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
သုံးနှစ်ကြာကာလမှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေဟာ အားကောင်းလာခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ နိုင်ငံတစ်ဝန်း မြို့ ရွာအများအပြားကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။
သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့ဟာ မြန်မာနိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်/ အိန္ဒိယနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။
ပဋိပက္ခထဲက ပဋိပက္ခတစ်ခု
ပလက်ဝမြို့ကျဆုံးသွားတာဟာ ချင်းတိုင်းရင်းသားနဲ့ ရခိုင်တိုင်းရင်းသားတွေကားက အင်အားကို အပြောင်းအ လဲဖြစ်သွားစေခဲ့ပါတယ်။
ပလက်ဝဒေသခံအများစုဟာ ချင်းတိုင်းရင်းသားတွေဖြစ်ပြီး ပလက်ဝမြို့ကို ၎င်းတို့ အမိမြေရဲ့ အစိတ်အပိုင်းတစ် ရပ်အဖြစ် ရှုမြင်ထားကြပါတယ်။
တခြားတစ်ဖက်မှာလည်း ပလက်ဝမြို့နယ်ဟာ သမိုင်းကြောင်းအရ ကိုလိုနီခေတ်အတွင်းက ရခိုင်တောင်တန်း ဒေသရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်သင့်တယ်လို့ အခိုင် အမာ ပြောဆိုနေသူ တချို့လည်း ရှိပါတယ်။
တပ်မတော်က အာဏာမသိမ်းခင်ကတည်းက ပလက်ဝနယ်မြေမှာ AA အဖွဲ့တွေလှုပ်ရှားလာတာကို မကျေနပ် ကြောင်း ချင်းတိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောဆိုထားကြတဲ့ အဖြစ်အပျက်တွေလည်းရှိပါတယ်။
မကြာသေးခင်ကာလအတွင်းမှာတော့ ချင်းလက်နက်ကိုင်အုပ်စုတွေနဲ့ AA တပ်ဖွဲ့တို့ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေကတည်းက နှစ်ဖွဲ့စလုံးဟာ ပြည်နယ် နယ်စပ်ဒေသနဲ့ ပတ်သက်တဲ့ ၎င်းတို့အမြင်တွေ စိစစ် အ တည်ပြုရေးကို အောင့်အည်းသည်းခံထားကြပါတယ်။
ဒါပေမဲ့လည်း ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဖို့အတွက် ပလက်ဝမြို့နဲ့ အနီးအနားနယ်မြေတွေကို စီမံအုပ်ချုပ်ဖို့အတွက် အားလုံးပါဝင်တဲ့ မူဘောင်တစ်ခုချမှတ်ရေး ချင်းတိုင်းရင်းသားတွေနဲ့ ရခိုင်တိုင်းရင်းသား တွေ သဘောတူညီဖို့ အလွန်အရေးကြီးပါတယ်။
မြန်မာ့တပ်မတော်ကို အောင်မြင်စွာတိုက်ခိုက်နိုင်ဖို့ဆိုရင် EAO တွေအနေနဲ့ တစ်ဖွ့ဲနဲ့ တစ်ဖွဲ့ရဲ့ အမြင်တွေနဲ့ တိုင်း ရင်းသားလူမျိုးစု တစ်စုရဲ့ နယ်နိမိတ်တွေကို ထည့်သွင်းစဉ်းစားပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု တိုးတက်လာ အောင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ပလက်ဝလိုနယ်မြေအရေးအမျိုး ဆွေးနွေးဖြေရှင်းဖို့အတွက် တိုင်းရင်းသားအချင်းချင်း အပေးအယူတစ်ခုလုပ် နိုင်ဖို့ ကြိုးပမ်းရေးဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
အနောက်ပိုင်းနယ်မြေက ပလက်ဝမြို့ရဲ့အနေအထားက မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရာမှာ AA အဖွဲ့အ တွက် ရေခံမြေခံကောင်းမွန်တဲ့ နေရာဒေသတစ်ခုဖြစ်ပါတယ်။
ပလက်ဝဟာ ကုလားတန်မြစ်ကမ်းပါးပေါ်က စီးပွားရေးမြို့တစ်မြို့ဖြစ်တဲ့အတွက် မြို့ကို ထိန်းချုပ်စိုးမိုးထားနိုင် တဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဒေသတွင်း စီးပွားရေးလုပ်ငန်းက အကျိုးအမြတ်ကို ရရှိခံစားနိုင်မှာဖြစ် ပါတယ်။
အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှု
ပလက်ဝမြို့မှာ ပြောင်းလဲလာတဲ့အဖြစ်အပျက်တွေက မြန်မာနိုင်ငံမှာ နဂိုကတည်းက သိသိသာသာနှောင့်နှေး ကြန့်ကြာနေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (Kaladan Multimodal Transit Transport Project – KMTTP) ကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။
ကုလားတန်စီမံချက်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရဲ့ ပထဝီစီးပွားရေးနဲ့ ပထဝီနိုင်ငံရေး စိန်ခေါ်ချက်တွေ ကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။
အိန္ဒိယတိုက်ငယ်နဲ့ နယ်စပ်ဒေသတွေရဲ့ အပျက်သဘောဆောင်တဲ့ နောက်ဆက်တွဲပြင်းထန်ဆိုးရွားတဲ့ အကျိုး သက်ရောက်မှုတွေကို ပိုင်းခြားထားခြင်းဟာ အိန္ဒိယ အရှေ့မြောက်ဒေသကို ကုန်းတွင်းပိတ်ဒေသတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။
ကျဉ်းမြောင်းလှတဲ့ ရှလိဂူရီစင်္ကြန်ဒေသကတစ်ဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသကနေ ကုန်စည်သယ်ယူပို့ ဆောင်တာဟာ စရိတ်စကကြီးမြင့်လှတဲ့လုပ်ငန်းတစ်ရပ်ဖြစ်သလို ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိနေတဲ့ စင်္ကြန်လမ်းတစ်လျှောက်ကနေ အနာဂတ်ကာလမှာ တရုတ်နိုင်ငံနဲ့ အဆိုးရွားဆုံးထိပ်တိုက်တွေ့ဆုံနိုင်တဲ့ ပြောင်း လဲမှုတစ်ရပ်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါ့ကြောင့် ကုလားတန်စီမံကိန်းကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသအတွက် ပင်လယ်ထွက်ပေါက်လမ်းကြောင်း အပြောင်းအလဲတစ်ခုအဖြစ် စဉ်းစားအကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
ကုလားတန်စီမံချက်နဲ့ ပတ်သက်တဲ့ အခြေခံသဘောတူညီချက်ကို ၂၀၀၈ ခုနှစ်မှာ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရ တို့ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းက မြေပြင်အနေအထားခက်ခဲကြမ်းတမ်းခြင်း၊ ဝန်ကြီးဌာနတွေရဲ့ ပေါင်းစပ်ညှိနှိုင်းမှုမရှိခြင်း၊ နိုင်ငံရေးမတည်ငြိမ်ခြင်းနဲ့ လုံခြုံရေးအရ စိန်ခေါ်မှုတွေရှိနေခြင်းတို့ကြောင့် စီမံကိန်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှုဟာ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။
စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယဘက်က ကုန်းတွင်း-ရေလမ်းကြောင်းဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ပလက်ဝဆိပ်ကမ်း ပြီးခဲ့ တဲ့နှစ်အနည်းငယ်က ပြီးစီးသွားပေမဲ့လည်း မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကြောင့် လမ်းတည်ဆောက် ရေးလုပ်ငန်းဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စီမံကိန်းမြန်ဆန်ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ကုလားတန်စီမံကိန်းနဲ့ ပတ်သတ် ပြီး ဒေသတွင်းက တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ သဘောထားကို ကြောင်းကျိုးလျော်ညီစွာ ထည့်သွင်းတွက် ချက် စဉ်းစားရမှာဖြစ်ပါတယ်။
ဒီစီမံချက်ဟာ ဒေသတွင်း စီးပွားရေးကို မြှင့်တင်ပေးသွားမှာဖြစ်တဲ့အတွက် မီဇိုရမ်ပြည်နယ်က ပြည်သူတွေနဲ့ ချင်းပြည်နယ် နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးစုတွေဟာ ကုလားတန်မြစ်စီမံကိန်း အရှိန်မြှင့်တင်ဆောင် ရွက်ရေးအတွက် စိတ်ဝင်စားနေကြပါတယ်။
ဒါပေမဲ့ ရခိုင့်တပ်တော်ခေါ် AA အဖွဲ့က ကုလားတန်စီမံကိန်းကို ဆန္ဒရှိပုံမရဘူးလို့ အိန္ဒိယနိုင်ငံမှာ ထင်မြင်ယူဆ နေသူတွေရှိပါတယ်။
တပ်မတော်က အာဏာသိမ်းမသိမ်းခင်က အိန္ဒိယနယ်စပ်ဒေသနဲ့ နီးစပ်တဲ့နယ်မြေတွေမှာ စစ်ဆင်ရေးလုပ်နေ ပြီး ကုလားတန်စီမံကိန်းကို ခြိမ်းခြောက်နေတဲ့ AA အဖွဲ့ကို အိန္ဒိယတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်း ပြီး တိုက်ခိုက်ခဲ့တာတွေရှိကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်မှာ စီမံကိန်းအတွက်အလုပ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံသား ငါးဦးကို AA အဖွဲ့က ပြန်ပေးဆွဲခဲ့ကြပါ တယ်။
အိန္ဒိယနိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အိန္ဒိယလူမျိုးတစ်ဦးကတော့ AA အဖွဲ့ ဖမ်းထားစဉ်အတွင်းမှာပဲ နှလုံးရောဂါဖောက်ပြီး သေဆုံးခဲ့ပါတယ်။
ဒေသတွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများ
မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နဲ့အတူ ရခိုင့်တပ်တော်ခေါ် AA အဖွဲ့ဟာ တရုတ်နိုင်ငံကထောက်ပံ့ထားတယ်လို့ လူတချို့ကပြော နေကြတဲ့ သုံးပွင့်ဆိုင်မဟာမိတ်ညီနောင်အဖွဲ့ဝင်တွေဖြစ်ပါတယ်။
အဲဒီမဟာမိတ်ညီနောင်အဖွဲ့ဟာ မြန်မာနိုင်ငံထဲက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ကတိပြုထားပါ တယ်။
AA အဖွဲ့ဟာ တရုတ်အစိုးရထံက ရန်ပုံငွေတွေနဲ့ လက်နက်ခဲယမ်း အများအပြားရရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တကယ်လို့ ဒီသတင်းသာမှန်ကန်ခဲ့ရင် မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယနိုင်ငံနဲ့ ဆက်နွယ်နေတဲ့ စီမံချက်လုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာအောင် တရုတ်အစိုးရဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးချပြီးဆောင်ရွက်နေ တယ်လို့ အိန္ဒိယနိုင်ငံထဲမှာ စိုးရိမ်ပူပန်လာမှာဖြစ်ပါတယ်။
တပြိုင်တည်းမှာ မြန်မာနိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတစ်လျှောက်ရှိ တရုတ်စီးပွားရေးလုပ်ငန်း တွေကတော့ သိသိသာသာ တိုးမြင့်လာတာတွေ့ရပါတယ်။
တရုတ်အစိုးရဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းခွင်ထဲက နေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့ဆောင်နေပြီဖြစ်ပါတယ်။
ကျောက်ဖြူမြို့အနီးမှာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွာရေးသီးသန့်ဇုံတစ်ခုကို ဆောင်ရွက်ဖို့ မြန်မာ နစက အစိုးရနဲ့ နောက်ဆက်တွသြဘောတူညီချက်တွေကို တရုတ်နိုင်ငံက လွန်ခဲ့တဲ့နှစ်လက လက်မှတ်ရေးထိုးခဲ့ပါ တယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း (China-Myanmar Economic Corridor – CMEC) အဖြစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မန္တလေးကိုဖြတ်ပြီး ကျောက်ဖြူကို ရထားလမ်းဖောက်ဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း သ တင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မတူတာက တရုတ်နိုင်ငံဟာ နိုင်ငံ့ခေါင်းဆောင်တွေ/ နိုင်ငံ့ခေါင်းဆောင်မဟုတ်တဲ့ (တော်လှန် ရေးအဖွဲ့အစည်းတွေရဲ့) ခေါင်းဆောင်တွေ နိုင်ငံတကာထောက်ခံမှုလိုအပ်နေတဲ့အချိန်မျိုးမှာ ထောက်ပံ့ကူညီနိုင် တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တာပါပဲ။
နောက်ဆက်တွဲအနေနဲ့ တရုတ်နိုင်ငံဟာ တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေကိုရော မြန်မာ့တပ်မတော်ကိုပါ နိုင်ငံရေးနဲ့ စစ်ရေးအရ ထောက်ပံ့မှုတွေ တိုးချဲ့ဆောင်ရွက်နေတဲ့ အနေအထားမှာရှိနေပါတယ်။
ကုလားတန်စီမံကိန်းကနေ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ အချက်အလက်တွေရှိပါသေးတယ်။
အိန္ဒိယနိုင်ငံက လစ်ဘရယ်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလာကတည်းက နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေက ဂိုဏ်းဂဏစွဲ/လူမျိုးစွဲအခြေခံ အကြမ်းဖက်မှုတွေအပေါ် အကျိုးသက်ရောက်မှုအတွက် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးကို အနီးကပ်စောင့်ကြည့်လေ့လာခံရမှာဖြစ်ပါတယ်။
အိန္ဒိယနယ်စပ်ဒေသတွေမှာရှိတဲ့ လက်နက်ကိုင်အုပ်စုတွေနဲ့ ဆက်သွယ်တဲ့ နည်းလမ်းတွေကို လုံခြုံရေးအဖွဲ့ တွေက အဆက်မပြတ် ချင့်တွက်အကဲဖြတ်သွားမှာဖြစ်သလို ကုလားတန်စီမံကိန်းလို စီမံချက်တွေလုပ်ငန်းတွေ ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေ/ ဒေသခံပြည်သူတွေရဲ့ ကျယ်ပြန့်မှုနဲ့ အ တူ ပေါင်းစပ်ညှိနိုင်းပြီး လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေးအထောက်အကူပြုလုပ်ငန်းတွေကိုလည်း အရှိန်မြှင့်တင်ဆောင်ရွက်သွားဖို့ လိုပါတယ်။
ကုလားတန်စီမံကိန်း ပြီးစီးအောင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အရည်အချင်းရှိ တဲ့ နည်းပညာရှင်တွေကိုလိုအပ်ရုံသာမက အဆင်ပြေချောမွေ့တဲ့ ချင်း-ရခိုင် တိုင်းရင်းသားဆက်ဆံရေးတွေ၊ မြန်မာ့တပ်မတော်နဲ့ EAO တွေ တိုက်ခိုက်မှုတွေရဲ့ ပြောင်းလဲလာတဲ့ကောက်ကြောင်းတွေ၊ ရခိုင်ပြည်နယ်ထဲက လူမျိုးရေး/ဘာသာရေးအခြေခံ အကြမ်းဖက်မှုတွေနဲ့ မြန်မာနိုင်ငံထဲက အထူးသဖြင့် ရခိုင်ပြည်နယ်က တရုတ် နိုင်ငံရဲ့ ခြေလှမ်းတွေကို လုံံ့လဝီရိယရှိရှိနဲ့ စောင့်ကြည့်လေ့လာနိုင်တဲ့ ကျွမ်းကျင်သူတွေကိုလည်း လိုအပ်ပါ တယ်။
အိန္ဒိယနိုင်ငံနဲ့ အလွန်နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တခြားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု စီမံကိန်း အမျိုးမျိုးကို အရှိန်မြှင့်တင်ဆောင်ရွက်ဖို့အတွက် အခုလို ကျွမ်းကျင်သူတွေကို အမိုးတစ်ခုတည်းအောက်မှာ ထားရှိဖို့ အချိန်ကျရောက်လာပြီဆိုတာ ကုလားတန်စီမံကိန်းအတွေ့အကြုံက သင်ကြားပြနေတာဖြစ်ပါတယ်။
မှတ်ချက် –
The Hindu မီဒီယာက ဆောင်းပါးရှင် ဆန်ဂျေးပူလီပါကာရဲ့ Myanmar’s civil war and India’s interests ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုပါတယ်။ ဆန်ဂျေးပူလီပါကာဟာ ပြည်သူ့စည်းမျဉ်း/အခွင့်အရေး သုတေ သန ဌာန (Politeia Research Foundation) ရဲ့ ဥက္ကဖြစ်ပါတယ်။