• Follow Us on

Home မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ကို ခရီးမသွားဖို့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယအစိုးရ သတိပေး

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ကို ခရီးမသွားဖို့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယအစိုးရ သတိပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇

 

လုံခြုံရေးအခြေအနေတွေ ဆိုးရွားနေတဲ့အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းကို ခရီးသွားလာခြင်းမပြုဖို့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယအစိုးရက အင်္ဂါနေ့ (ဖေဖော်ဝါရီ ၆ ရက်နေ့) က သတိပေးလိုက်ပါတယ်။

 

ဆက်သွယ်ရေးစနစ်တွေ ပျက်စီးနေသလို အခြေခံကုန်ပစ္စည်းတွေပြတ်လပ်နေခြင်းအပါအဝင် ဆိုးရွားနေတဲ့ လက်ရှိအခြေအေကြောင့် အိန္ဒိယနိုင်ငံသားတွေအနေနဲ့ ရခိုင်ပြည်နယ်ထဲကို ခရီးသွားလာခြင်းမပြုဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

“ကုန်းလမ်းသယ်ယူပို့ဆောင်ရေးစနစ်အပါအဝင် ဆက်သွယ်ရေးစနစ်တွေပျက်စီးခြင်းနဲ့ မရှိမဖြစ် ကုန်ပစ္စည်း တွေ ပြတ်တောက်နေခြင်းလို ဆိုးရွားလှတဲ့အခြေအနေတွေကို ထောက်ရှုသောအားဖြင့် မြန်မာနိုင်ငံထဲက ရခိုင် ပြည်နယ်ကို ခရီးသွားလာခြင်းမပြုဖို့ အိန္ဒိယနိုင်ငံသားအားလုံးကို သတိပေးပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

“ရခိုင်ပြည်နယ်ထဲမှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေအနေနဲ့လည်း အဲဒီဒေသက အမြန်ဆုံးပြန်လည် ထွက်ခွာဖိ့ု့ သတိပေးပါတယ်။” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဒီမိုကရေစီလို လားတဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ သူပုန်အုပ်စု တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိပါတယ်။

 

နိုဝင်ဘာလကစပြီး အိန္ဒိယနယ်စပ်နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံက မြို့တွေနဲ့ ဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ သူပုန်အဖွဲ့တွေရဲ့ တိုက်ပွဲတွေအရှိန်မြင့်လာတာကြောင့် မဏိပူရ်ပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်တို့ရဲ့ လုံခြုံရေး အ တွက် ဂယက်ရိုက်လာမှာကို အိန္ဒိယအစိုးရက စိုးရိမ်ပူပန်နေပါတယ်။

 

မြန်မာ့တပ်မတော်ဟာ ၎င်းတို့ကိုတော်လှန်ပုန်ကန်နေတဲ့ သူပုန်အုပ်စုတွေနဲ့ လက်နက်မှောင်ခိုအုပ်စုတွေကို လေကြောင်းကနေလည်း ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။

 

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာမြောက်အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်နဲ့ ၁၆၄၀ ကီလိုမီတာ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။

 

မြန်မာနို်င်ငံအနေနဲ့ နိုင်ငံထဲက အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းပြီး အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပြန်သွားဖို့ အိန္ဒိယအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်က တောင်းဆိုခဲ့ပါတယ်။

 

“မြန်မာနိုင်ငံထဲမှာ အခြေအနေတွေ ပျက်စီးယိုယွင်းလာတာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ အဲဒီဖြစ်ရပ်တွေ ဟာ ကျွန်တော်တို့နိုင်ငံကိုလည်း တိုက်ရိုက်ထိခိုက်စေပါတယ်။” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ် ရန်းဟီးဂျိုက်စ်ဝဲလ်က ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြောပါတယ်။

 

Ref: “Leave Immediately”: India to Citizens in Myanmar’s Rakhine: India Today

 

#PeopleMedia


Share this post