• Follow Us on
Latest News

Home မြန်မာနိုင်ငံက ရုရှားရေနံထွက်ကုန်တွေဝယ်ယူဖို့အတွက် ယွမ်ငွေကို အသုံးပြုနေ

မြန်မာနိုင်ငံက ရုရှားရေနံထွက်ကုန်တွေဝယ်ယူဖို့အတွက် ယွမ်ငွေကို အသုံးပြုနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

 

ရုရှားရေနံထွက်ကုန်တွေ ဝယ်ယူဖို့အတွက် မြန်မာနိုင်ငံက ယွမ်ငွေကိုအသုံးပြုနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်က Sputnik သတင်းဌာနကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံငွေကြေး ပေးချေမှု သဘောတူညီချက်တစ်ရပ်ကို ပြင်ဆင်နေကြောင်း သိရပါတယ်။

 

“ကျွန်တော်တို့က အခုလောလောဆယ်မှာ ရူဘယ်နဲ့ မပေးချေဘဲ ယွမ်ငွေကို သုံးနေပါတယ်။ ဒါပေမယ့် ကျပ်-ရူဘယ် သဘောတူညီချက်ကို လုပ်ဖို့ ကြိုးစားနေပါတယ်၊ မကြာခင်မှာ လက်မှတ်ရေးထိုးတော့မှာ” လို့ ဗလာဒီဗို စတော့မြို့မှာ ကျင်းပတဲ့ Eastern Economic Forum-အရှေ့စီးပွားရေးဖိုရမ်(EEF) ဦးဇော်က အခုလို ပြောဆိုခဲ့ တာပါ။

 

ဒါ့အပြင် EEF ရဲ့ ပြင်ပမှာ မြန်မာနိုင်ငံက ရုရှားနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးကံဇော်က ပြောပါတယ်။

 

မြန်မာနိုင်ငံကဟာ ရုရှားရေနံထွက်ကုန်တွေကို စတင်ဝယ်ယူနေပြီဖြစ်ကြောင်း လွန်ခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

 

ရှစ်ကြိမ်မြောက် EEF ကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ရှိ အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်ဝန်းမှာ စက် တင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

 

#PeopleMedia


Share this post