• Follow Us on

Home မြန်မာနိုင်ငံက လူကုန်ကူးမှုတွေမှာ မလေးရှားဒုဝန်ကြီးဟောင်း အမျိုးသမီးတစ်ဦး ဆက်နွယ်ပတ်သက်နေဟုဆို

မြန်မာနိုင်ငံက လူကုန်ကူးမှုတွေမှာ မလေးရှားဒုဝန်ကြီးဟောင်း အမျိုးသမီးတစ်ဦး ဆက်နွယ်ပတ်သက်နေဟုဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၅

 

မလေးရှားဒုတိယဝန်ကြီးဟောင်းတစ်ဦးဟာ မြန်မာနိုင်ငံက လူကုန်ကူးမှုတွေနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေ ကြောင်း မလေးရှားရဲတပ်ဖွဲ့က အတည်ပြုပြောကြားလိုက်ပါတယ်။

 

ဝန်ကြီးချုပ်ရုံးဌာနက ဒုတိယဝန်ကြီးဟောင်း မာရှစ်တအီဘရာဟမ်ဟာ အိမ်ခြံမြေလုပ်ငန်းရင်းနှီးမြှုပ်နှံရေးကိစ္စ တွေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။

 

ဒါပေမဲ့ လူကုန်ကူးမှုလုပ်ငန်းတွေနဲ့ ဆက်နွယ်ပတ်သက်ပြီး ဒုတိယဝန်ကြီးဟောင်း မာရှစ်တအီဘရာဟမ်ကို ရဲ တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဦးစီးဌာန (CID) ညွှန်ကြားရေးမှူး မို့ဒ် ရှူဟိုင်လီမို့ဒ်ဇီယန်က ပြောပါတယ်။

 

“ဒုဝန်ကြီးဟောင်း မာရှစ်တဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကိစ္စနဲ့ မြန်မာနိုင်ငံ မြဝတီမြို့ကို သွားခဲ့ကြောင်း စစ်ဆေး သိရှိရပါတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးခဲ့ပြီးပါပြီ။ သူ့ရဲ့ထွက်ဆိုချက်ကိုလည်း ပြီးခဲ့တဲ့အပတ်က မှတ်တမ်း တင်ထားခဲ့ပါတယ်။” လို့ CID ညွှန်ကြားရေးမှူးက ပြောပါတယ်။

 

မလေးရှားနိုင်ငံသားတွေနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံထဲမှာ ကျူးလွန်နေတယ်ဆိုတဲ့ လူကုန်ကူးမှုတွေနဲ့ ပတ် သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်ဆောင်ရွက်နိုင်ဖို့အတွက် သတင်းအချက်အလက်တွေကို CID က စုဆောင်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒုဝန်ကြီးဟောင်း မာရှစ်တအပါအဝင် အလားတူပြစ်မှုအတွက် တခြားပုဂ္ဂိုလ်တွေရဲ့ ထွက်ဆိုချက်အသီးသီး ကိုလည်း မှတ်တမ်းတင်ထားကြောင်း ၎င်းက ပြောပါတယ်။

 

“ဒီနေ့လည်း ဘလော့ဂါတစ်ဦးရဲ့ ထွက်ဆိုချက်ကို ကျွန်တော်တို့ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်။ အဲဒီ ဘ လော့ဂါက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာရှိနေစဉ်အတွင်း အွန်လိုင်းကတစ်ဆင့် မှတ်တမ်းတင်သွားမှာဖြစ်ပါ တယ်။” လို့ ညွှန်ကြားရေးမှူး မို့ဒ်ရှူဟိုင်လီက ပြောပါတယ်။

 

အမှုနဲ့ပတ်သက်ပြီး ဆက်နွယ်နေတဲ့ တခြားပုဂ္ဂိုလ်တွေကို စုံစမ်းဖော်ထုတ်ဖို့ စစ်ဆေးနေတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“နိုင်ငံခြားက အလုပ်ကမ်းလှမ်းမှုတွေ အထူးသဖြင့် အွန်လိုင်းလူလိမ်ဂိုဏ်း (ကျားဖြန့်) နဲ့ ဆက်နွယ်တဲ့ နိုင်ငံတွေ က အလုပ်ကမ်းလှမ်းမှုတွေ ရရှိထားတဲ့သူတွေကို ကျွန်တော်တို့ သတိပေးနေပါတယ်။ အဲဒီလို အလုပ်ကမ်းလှမ်း မှုတွေကို ပြည်ထဲရေးဝန်ကြီးဌာန ဒါမှမဟုတ် အလုပ်သမားဝန်ကြီးဌာနလို တရားဝင်ဝန်ကြီးဌာနတွေက တစ် ဆင့် စစ်ဆေး/အတည်ပြုဖို့ အကြံပေးထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာနိုင်ငံထဲမှာဖြစ်ပွားနေတဲ့ နိုင်ငံတကာလူကုန်ကူးမှုတွေမှာ အဆိုပါ မလေးရှားဒုဝန်ကြီး အဓိကပါဝင်ပတ် သက်နေသူဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ သြဂုတ်လ ၂၈ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

အဲဒီအမျိုးသမီးဒုဝန်ကြီးဟာ ၎င်းရဲ့ခင်ပွန်းဖြစ်သူနဲ့အတူ ကုမ္ပဏီတစ်ခုက ထိပ်တန်းအရာရှိတွေနေရာကို ချုပ် ကိုင်ထားပြီး ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ဒီလူကုန်ကူးမှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေ တာဖြစ်တယ်လို့ ယုံကြည်ရကြောင်း မလေးရှားနိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့ (MHO) က အထွေထွေ အ တွင်းရေးမှူး ဟီရှာမူဒင်ဟာရှမ်က ပြောပါတယ်။

 

မကြာသေးခင်ကပဲ You Tube ပေါ်မှာ မြန်မာနိုင်ငံက လူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တစ် ခု တက်လာခဲ့ပါတယ်။

 

အဲဒီဖိုင်ထဲမှာ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ အဓမ္မအလုပ်စေခိုင်းခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လူ့ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေ ရောင်းစားခံရခြင်းနဲ့ သတ်ဖြတ်ခံရခြင်းအပါအဝင် လူကုန်ကူးမှုသားကောင်တွေဖြစ် လာခဲ့ရတာကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။

 

ဒုဝန်ကြီးဟောင်း မာရှစ်တကတော့ စွပ်စွဲချက်တွေကို ငြင်းပယ်ထားတယ်လို့ ဆိုပါတယ်။

 

Ref: Malaysia police confirm ex-deputy minister probed for trafficking in Myanmar: The Star

 

#PeopleMedia


Share this post