• Follow Us on
Latest News

Home မြန်မာနိုင်ငံက သန်းခေါင်စာရင်းကောက်ယူမှုကနေ အတိုက်အခံတွေကို ပိုမိုစောင့်ကြည့်ထောက်လှမ်းသွားမှာ ဖြစ်ကြောင်း လေ့လာသူတွေပြော

မြန်မာနိုင်ငံက သန်းခေါင်စာရင်းကောက်ယူမှုကနေ အတိုက်အခံတွေကို ပိုမိုစောင့်ကြည့်ထောက်လှမ်းသွားမှာ ဖြစ်ကြောင်း လေ့လာသူတွေပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂

 

မြန်မာ နစက အစိုးရက မြို့နယ်ပေါင်း ၂၀ မှာ ရှေ့ပြေးသန်းခေါင်စာရင်းကောက်ယူမှုစီမံချက် စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း တနင်္ဂနွေနေ့ (အောက်တိုဘာလ ၁ ရက်နေ့) က ကြေညာခဲ့ရာ အဲဒီသန်းခေါင်စာရင်းကောက် ယူမှုဟာ အတိုက်အခံတွေကိုစောင့်ကြည့်ထောက်လှမ်းမှုတိုးမြှင့်ဆောင်ရွက်ရာမှာ အသုံးပြုသွားမှာဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

 

၂၀၂၅ ခုနှစ်မှာ ကျင်းပနိုင်ဖွယ်ရာရှိတဲ့ ရွေးကောကပွဲအသစ် မပြုလုပ်ခင် နိုင်ငံတစ်ဝန်းသန်းခေါင်စာရင်း ကောက်ယူမှုအပြီးဆောင်ရွက်ရမှာဖြစ်ကြောင်း နစက အစိုးရ အရာရှိတွေက ပြောပါတယ်။

 

“နေပြည်တော်နဲ့ တခြားတိုင်းနဲ့ပြည်နယ်အပါအဝင် မြို့နယ်ပေါင်း ၂၀ မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူသွားမှာဖြစ်ပါတယ်။” လု့ိ နစက ထုတ်ပြန်ချက်ထဲ မှာဖော်ပြထားပေမဲ့ ဘယ်မြို့နယ်တွေမှာဆောင်ရွက်မယ် ဆိုတာကိုတော့ အသေးစိတ်ဖော်ပြမထားပါဘူး။

 

“အဲဒီမြို့နယ် ၂၀ ဟာ နမူနာမြို့နယ်တွေဖြစ်ပါလိ့်မယ်။” လို့ ဆိုပါတယ်။

 

ရှေ့ပြေးစီမံချက်ကို ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အစိုးရမီဒီယာတွေမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

 

လတ်တလောကာလ နစက အစိုးရတပ်တွေနဲ့ အတိုက်အခံအုပ်စုတွေကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေ မှာတော့ ရှေ့ပြေးသန်းခေါင်စာရင်းကောက်ယူဖို့ နစကဘက်က ပြောဆိုတာ မတွေ့ရပါဘူး။

 

ဒီရှေ့ပြေးစီမံချက်ဟာ ၂၀၂၄ ခုနှစ် တစ်နိုင်ငံလုံးသန်းခေါင်စာရင်းမကောက်ယူခင် ကြိုတင်ဆောင်ရွက်တဲ့ စီမံ ချက်ဖြစ်တယ်လို့ အစိုးရပိုင်မီဒီယာတွေက ပြောပါတယ်။

 

နစကအစိုးရရဲ့အလုပ်ခွင်ထဲကို ပြန်မဝင်တော့တဲ့ အရပ်ဘက်ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာ/ ဆရာမတွေအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ အတိုက်အခံတွေကို ပိုမိုစောင့်ကြည့်နိုင်ဖို့အ တွက် နစက အစိုးရက ဒီသန်းခေါင်စာရင်းကောက်ယူမှုကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိ တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာ့တပ်မတော်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

 

ထုတ်ပြန်ကြေညာချက်ထဲမှာမတွေ့ရပေမဲ့ မြန်မာနိုင်ငံမှာ စမတ်ကတ်မှတ်ပုံတင်စနစ်ကို ကျင့်သုံးဖို့ ရည်ရွယ် ထားတဲ့အတွက် အသက် ၁၀ နှစ်အပါအဝင်၊ ၁၀ နှစ်နဲ့အထက် နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ နဲ့ ပုံပန်းသွင်ပြင်အမူအကျင့်တွေကို စာရင်းကောက်ယူသွားမှာဖြစ်တယ်လို့ မြန်မာအရာရှိတွေကပြောပါတယ်။

 

သန်းခေါင်စာရင်းကောက်ယူရေးစီမံချက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဝန်ကြီးဌာနတွေက မြန်မာနိုင်ငံရဲ့ အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို အကူအညီတောင်းခံထားတယ်လို့ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ နေ့စဉ်နီးပါးဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှုတွေ၊ တိုက်ပွဲတွေကြားထဲမှာ အရပ်သားတွေဟာ အတိ ဒုက္ခရောက်လျက်ရှိနေပြီး နစက အစိုးရကလည်း တချို့နေရာတွေကို အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း ဝန်ခံ ထားပါတယ်။

 

တပ်မတော်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ ၁.၆ သန်း ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

 

နစကအစိုးရလက်ထက်မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ “ရှက်စရာရွေးကောက်ပွဲတစ်ခု” သာဖြစ်မှာဖြစ်တယ် လို့ အမေရိကန်ပြည်ထောင်စုက ပြောသလို အဲဒီရွေးကောက်ပွဲကို အတိုက်အခံတွေက ပစ်မှတ်ထားတိုက်ခိုက် လာမှာဖြစ်ပြီး နောက်ထပ်သွေးထွက်သံယိုမှုတွေ ပိုမိုထါက်ပေါ်လာနိုင်တယ်လို့ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။

 

ရုရှားအစိုးရကတော့ နစကရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ရွေးကောက်ပွဲကော်မရှင်ကို ထောက်ခံလိုက်သလို ရွေး ကောက်ပွဲဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ပြီးခဲ့တဲ့လက မြန်မာအစိုးရနဲ့ နားလည်မှုစာချွန် လွှာ MOU တစ်စောင်လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: Myanmar census will increase surveillance of junta’s opponents, critics say: AFP/ABC

 

#PeopleMedia


Share this post