• Follow Us on
Latest News

Home မြန်မာနိုင်ငံက သူပုန်အဖွဲ့တစ်ဖွဲ့ဆီက နျူကလီးယားကုန်ကြမ်းတွေ ခိုးထုတ်မှောင်ခိုကူးတဲ့အထဲမှာ ဂျပန်ယာကူ ဇာဂိုဏ်းခေါင်းဆောင်တစ်ဦးပါဝင်နေကြောင်း အမေရိကန်ရှေ့နေတွေပြော

မြန်မာနိုင်ငံက သူပုန်အဖွဲ့တစ်ဖွဲ့ဆီက နျူကလီးယားကုန်ကြမ်းတွေ ခိုးထုတ်မှောင်ခိုကူးတဲ့အထဲမှာ ဂျပန်ယာကူ ဇာဂိုဏ်းခေါင်းဆောင်တစ်ဦးပါဝင်နေကြောင်း အမေရိကန်ရှေ့နေတွေပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂

 

အီရန်နိုင်ငံက နျူကလီးယားလက်နက်တွေထုတ်လုပ်ရာမှာ အသုံးပြုမယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံထဲက ယူရေ နီယမ်နဲ့ ပလူတိုနီယမ်တွေ မှောင်ခိုခိုးထုတ်တဲ့အထဲမှာ ဂျပန်နိုင်ငံက ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦး ပါဝင် နေတယ်လို့ အမေရိကန်အစိုးရရှေ့နေတွေက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၁ ရက်နေ့) က စွပ်စွဲလိုက်ပါတယ်။

 

အသက် ၆၀ အရွယ် တာကေရှီအက်ဘီဆာဝါနဲ့ ၎င်းရဲ့ကြံရာပါအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို သယ်ဆောင်လာတဲ့ နျူကလီးယားကုန်ကြမ်းနမူနာတွေကို အီရန်ဗိုလ်ချုပ်တစ်ဦးနဲ့ အဆက်အသွယ်ရှိပြီး မူးယစ် ဆေးဝါးနဲ့ လက်နက်မှောင်ခိုကုန်သည်ယောင်ဆောင်ထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (DEA) အေးဂျင့် တစ်ဦးကို ထုတ်ဖော်ပြသခဲ့တယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ပြောပါတယ်။

 

နျူကလီးယားကုန်ကြမ်းတွေကို သိမ်းဆည်းမိခဲ့ပြီး နမူနာပစ္စည်းတွေထဲမှာ ယူရေနီယမ်တွေနဲ့ လက်နက်အဆင့် ရောက်ရှိနေတဲ့ ပလူတိုနီယမ်တွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

 

“စွဲချက်တင်ထားတဲ့အတိုင်း ဒီတရားခံတွေဟာ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေနဲ့ ယူရေနီယမ်တွေ၊ လက် နက်အဆင့်ရောက်နေတဲ့ ပလူတိုနီယမ်တွေကို မှောင်ခိုကုန်ကူးလာကြတာဖြစ်ပါတယ်။ အဲဒီယူရေနီယမ်တွေနဲ့ ပလူတိုနီယမ်တွေကိုတော အီရန်အစိုးရ နျူကလီးယားလက်နက်တွေထုတ်လုပ်ရာမှာ အသုံးပြုဖို့ဖြစ်တယ်လို့ ယုံ ကြည်ရပါတယ်။” လို့ DEA အုပ်ချုပ်ရေးမှူး အန်နီမီလ်ဂရမ်က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

 

အဲဒီနျူကလီးယားကုန်ကြမ်းတွေဟာ နို်င်ငံထဲမှာ ယူရေနီယမ်သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာ နိုင်ငံထဲက တိုင်းရင်းသားသူပုန်အုပ်စုတစ်ခုရဲ့ အမည်ဖော်ပြမထားတဲ့ ခေါင်းဆောင်တစ်ဦးထံက ရရှိခဲ့တာဖြစ် တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

 

အီရန်စစ်ဗိုလ်ချုပ်ဆီက စစ်လက်နက်ပစ္စည်းတွေဝယ်ယူရာမှာ ရန်ပုံငွေရရှိအောင် အဲဒီယူရေနီယမ်တွေကို ၎င်း ကတစ်ဆင့် ရောင်းချဖို့ အဲဒီတိုင်းရင်းသားသူပုန်ခေါင်းဆောင်ကို အက်ဆီဆာဝါက ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ တရားရုံးမှတ်တမ်းတွေထဲမှာ ဖော်ပြထားပါတယ်။

 

သူပုန်ခေါင်းဆောင်ကပေးအပ်ခဲ့တဲ့ နမူနာကုန်ကြမ်းတွေကို အမေရိကန်ပြည်ထောင်စုအစိုးရ ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲကြည့်ရာမှာ ယူရေနီယမ်တွေ၊ သိုရီယမ်တွေနဲ့ ပလူတိုနီယမ်တွေကို တွေ့ရှိရပြီး အိုင်ဆိုတုတ်ပေါင်းစပ်မှု လုပ်ထားတဲ့ပလူတိုနီယမ်တွေဟာ နျူကလီးယားလက်နက်တစ်ခုမှာ ထည့်သွင်းအသုံးပြုလို့ရတဲ့ လက်နက်အ ဆင့်ကို ရောက်ရှိနေပြီလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

 

အက်ဘီဆာဝါဟာ ဂျပန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ် ပြီး DEA စစ်ဆင်ရေးတစ်ခုပြုလုပ်နေစဉ် မင်ဟက်တန်မှာ ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ဖမ်းမိထားတဲ့ တရားခံ ၄ ဦးထဲက တစ်ယောက်ဖြစ်ပါတယ်။

 

တရားရင်ဆိုင်ဖို့အတွက် ထောင်ထဲမှာထိန်းသိမ်းခံထားရတဲ့ အက်ဘီဆာဝါဟာ နျုကလီးယားကုန်ကြမ်း မှောင်ခို ကုန်ကူးမှု၊ ရာဇဝတ်မှုကျူးလွန်ဖို့ ကြံရာပါအမှု၊ တခြားအမှုတွေနဲ့ စွဲချက်တင်ခံထားရတာဖြစ်ပါတယ်။

 

တရားခံတွေကို ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၂ ရက်နေ့) မှာ မက်ဟက်တန်ရှိ ပြည်ထောင်စုတရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ကြောင်း သိရပါတယ်။

 

Ref: Feds accuse alleged Japanese crime boss with conspiring to traffic nuclear material

 

#PeopleMedia


Share this post