• Follow Us on

Home မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် မစ္စမာကျားအားခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် မစ္စမာကျားအားခန့်အပ်

Share this post

နေပြည်တော်၊ ဩဂုတ် ၁၂

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် အမျိုးသမီးဖြစ်သူ မစ္စမာကျားအား ခန့်အပ်လိုက်ကြောင်း သိရသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် မစ္စမာကျားအား ခန့်အပ်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ၏ အဆိုပြုချက်ကို မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

 

မစ္စ မာကျားသည် ၁၉၆၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံယုံးဂျီမြို့ ရှန်ရှီးပြည်နယ်တွင်မွေးဖွားခဲ့ပြီး တက္ကသိုလ်ဘွဲ့ရတစ်ဦး ဖြစ်ကြောင်း၊ ၎င်းသည် ၁၉၉၁ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် စတင်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပရှိ တရုတ် သံရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

 

၎င်းသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနတွင် သံအရာရှိနှင့် တတိယအတွင်းဝန်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ် အထိလည်းကောင်း၊ တတိယအတွင်းဝန်နှင့် ဒုတိယအတွင်းဝန်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ လည်းကောင်း အသီးသီး တာဝန်များ ထမ်းဆောင်ခဲ့သည်။

 

ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ စင်ကာပူနိုင်ငံအခြေစိုက် တရုတ်သံရုံး တွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ် အထိ ဗြိတိန်နိုင်ငံနှင့် မြောက်အိုင်ယာလန်နိုင်ငံ အခြေစိုက်တရုတ် သံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးနှင့် သံမှူးကြီးအဖြစ် လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

 

၎င်းသည် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံဟိုင်နန်ပြည်နယ် စန်းရှမြို့တွင် ဒုတိယမြို့တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ယနေ့အထိ အိန္ဒိယနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post