မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

PUBLISHED - November 14, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာလိုက်သည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၄ ရပ်ကွက် တကောင်းဘုရားလမ်း အမှတ်(၂)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထား ရှိသော မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၄၀ ဖြစ်ကြောင်း သိရသည်။
#PeopleMedia