မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝအကာအကွယ်ပေးထား ကြောင်း ထပ်မံအသိပေးကြေညာ
PUBLISHED - June 6, 2024
နေပြည်တော်၊ ဇွန် ၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝ အကာအကွယ်ပေးထား ပါကြောင်း ထပ်မံအသိပေးကြေညာသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲ လျက်ရှိပါသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန် ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုး လက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍ များကို ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက် ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs လုပ်ငန်းများကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိ ကြောင်းကို ပြည်သူများ စိုးရိမ်မှုမရှိစေရန် မကြာခဏ ထုတ်ပြန်ပေးနေကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ နိုင်ငံတော်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမားမီဒီယာများနှင့် အဖျက်သမား အုပ်စုသည် Facebook Page များဖြစ်သော Yan Paing Soe ၊ Dean Kyne ၊ YouTube Channel op: Yebaw Shan Lay | Big Boss | Rc David | Khit Thit Media တို့သည်လည်း မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင် ရွက်လျက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့အဖျက်သမားများက အစိုးရနှင့် အများပြည်သူအကျိုးစီးပွား ထိခိုက်စေရန် ရည်ရွယ်၍ မကြာခဏ ရေးသားဖြန့်ဝေနေသော လူမှုကွန်ယက်စာမျက်နှာများကို လက်ခံယုံ ကြည်ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာမလိုကြောင်း ပြည်သူလူထုအနေဖြင့်လည်း အဖျက်သမားမီဒီယာများ၊ အဖျက်သမားအုပ်စုများကို ဝိုင်းဝန်းတိုက်ဖျက်ရန်ဖြစ်ကြောင်း အသိပေးအပ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
သို့ပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှု၊ ပြောကြားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝ အကာအကွယ်ပေးထားပါကြောင်း ထပ်မံအသိပေးကြေညာကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia