မြန်မာနိုင်ငံတွင် ကွဲပြားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာရန်နှင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ် လုံခြုံမှုရှိစေရန် တရုတ်နိုင်ငံ တိုက်တွန်း
PUBLISHED - November 3, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၃
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကို အနီးကပ် စောင့်ကြည့်လျက်ရှိ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက အောက်တိုဘာ ၃၁ ရက်နဲ့ သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ထင်မြင်သုံးသပ်ချက်ကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် “မိမိတို့အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နိုင်သမျှ အမြန်ဆုံး အပစ်အခတ် ရပ်စဲရန်၊ ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုတွေကတဆင့် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ မတူကွဲပြားမှု တွေကို အဖြေရှာရန်၊ တင်းမာမှုအရှိန် မြင့်တက်လာတာကို ရှောင်ရှားနိုင်ရန်၊ တရုတ်-မြန်မာ နယ်စပ်ဒေသများ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ထိရောက်တဲ့ စီမံဆောင်ရွက်မှုများ ချမှတ်လုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့ အစည်းများကို တိုက်တွန်းကြောင်း ဝမ်က ပြန်လည်ဖြေကြားခဲ့ပါသည်။
Source: ဆင်ဟွာ
#PeopleMedia