• Follow Us on

Home မြန်မာနိုင်ငံတွင် စစ်ပွဲများ ဖြစ်ပွါးနေသည်ကို မတွေ့မြင်လိုကြောင်း တရုတ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံတွင် စစ်ပွဲများ ဖြစ်ပွါးနေသည်ကို မတွေ့မြင်လိုကြောင်း တရုတ်သံရုံး ထုတ်ပြန်

Share this post

နေပြည်တော်၊ ဩဂုတ် ၁၂

 

မြန်မာနိုင်ငံတွင် စစ်ပွဲများ ဖြစ်ပွါးနေသည်ကို မတွေ့မြင်လိုကြောင်းနှင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသ အခြေအနေ ဆောလျင်စွာ ပြန်လည်တည်ငြိမ်လာစေရန် မျှော်လင့်ကြောင်း တရုတ်သံရုံးက သတင်း ထုတ်ပြန်ထားသည်။

 

ယင်းအပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲလာမှုကို အမြဲတစေ များစွာဂရုပြုလျက်ရှိကြောင်းနှင့် ၎င်းတို့၏ နည်းလမ်းဖြင့် မြန်မာနိုင်ငံ ဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

ယင်းနောက်တွင် တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွ တိုက်တွန်း သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွား မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

#PeopleMedia


Share this post