• Follow Us on
Latest News

Home မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များစွာရှိသော်လည်း ထုတ်လုပ်နိုင်မှုတွင်အကန့်အသတ်များရှိနေ၍ SCO နှင့် ပူးပေါင်းဆောင်ရွက်လိုဟု စွမ်းအင်ဝန်ကြီးပြောကြား

မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များစွာရှိသော်လည်း ထုတ်လုပ်နိုင်မှုတွင်အကန့်အသတ်များရှိနေ၍ SCO နှင့် ပူးပေါင်းဆောင်ရွက်လိုဟု စွမ်းအင်ဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၅

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကာဇက် စတန်နိုင်ငံ Astana မြို့၌ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (ပထမအကြိမ်) စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၃ ရက်တွင် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (ပထမ အကြိမ်) စွမ်းအင်ဖိုရမ်၏ အကြိုဆွေးနွေးပွဲများသို့လည်းကောင်း၊ အောက်တိုဘာလ ၄ ရက်တွင် Kazakhstan Energy Week 2023 KazEnergy Eurasian Forum နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ပထမအကြိမ်) စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) တို့သို့လည်းကောင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် စွမ်းအင်အရင်းအမြစ်များစွာရှိကြောင်း၊ သို့သော်လည်း ထုတ်လုပ်နိုင်မှု တွင် အကန့်အသတ်များရှိနေကြောင်း၊ သို့ဖြစ်၍ SCOနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ပေါကြွယ်ဝသောကြောင့် လျှပ်စစ်ဓာတ်အားအများစုကို ရေအားလျှပ်စစ်မှထုတ်လုပ်ကြောင်း၊ ထို့ပြင် သဘာဝဓာတ်ငွေ့မှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်လက်ရှိကြောင်း၊ သို့သော်လည်း ရရှိနိုင်သော သဘာဝဓာတ်ငွေ့ပမာဏမှာ အကန့်အသတ်ရှိကြောင်း၊ ထို့ကြောင့် စွမ်းအင်အတွက် ကျောက်မီးသွေးနှင့် အခြား စွမ်းအင်အရင်းအမြစ်များအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဖြစ်အောင် ကြိုးစားနေ ကြောင်း၊ သို့ရာတွင် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များရှိနေသည့်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း ပြောသည်။

 

မြန်မာနိုင်ငံ စွမ်းအင်မူဝါဒ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံအတွင်း ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် စွမ်းအင်လုံခြုံရေးကို သေချာစေရန်ဖြစ်ကြောင်း၊ လက်ရှိစွမ်းအင်ကဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်စီမံကိန်းများ၊ အပူစွမ်းအင် (Geothermal) ဆိုင်ရာစီမံကိန်းများ၊ ဆိုလာ (Solar) စီမံကိန်းများ ရှိပါကြောင်း၊ ရုပ်ကြွင်းလောင်စာဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုး၍ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရင်းနှီးသောမိတ် ဘက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် စွမ်းအင်လိုအပ်သော နိုင်ငံဖြစ်သော ကြောင့် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း ကာဇက်စတန်သမ္မတနိုင်ငံ ကျောက်မီးသွေးထွက်ရှိ ရာ‌ဒေသဖြစ်သော Karaganda ၏ Deputy Governor Mr. Vadim Borisovich နှင့်လည်းကောင်း၊ ဓာတ် မြေသြဇာအများဆုံးထုတ်လပ်နေသော KazPhosphate ကုမ္ပဏီမှ Deputy Director General Mr. Gani Toksanbaev နှင့်လည်းကောင်း၊ KazMunayGas ကုမ္ပဏီမှ Strategy and Investment Director ဦးဆောင် သောအဖွဲ့နှင့်လည်းကောင်း စွမ်းအင်ဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia


Share this post