• Follow Us on

Home မြန်မာနိုင်ငံထဲကို ခိုးသွင်းမယ့် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို ဘင်္ဂလားဒေ့ရှ် RAB ရဲတပ်ဖွဲ့ သိမ်းဆည်းထား

မြန်မာနိုင်ငံထဲကို ခိုးသွင်းမယ့် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို ဘင်္ဂလားဒေ့ရှ် RAB ရဲတပ်ဖွဲ့ သိမ်းဆည်းထား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက်ခ်နက်ခ်နယ်စပ်ကတစ်ဆင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာ နိုင်ငံထဲကို ခိုးသွင်းမယ့် စားသုံးဆီတွေ၊ ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု နှိမ်နှင်းရေးရဲတပ်ဖွဲ့ RAB က သိမ်းဆည်းရရှိခဲ့ကြောင်း bdnew24.com မှာ ဖော်ပြထားပါတယ်။

 

တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၂ ရက်နေ့) က အဲဒီပစ္စည်းတွေကို ဟာတီယာဂိုနာ နယ်မြေက ကြက်ခြံတစ်ခု ထဲမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း RAB တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် တပ်ဖွဲ့အကြီးအကဲ ခန်ဒါကာအယ်လ်မွန်းက အင်္ဂနေ့က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

 

မြန်မာနိုင်ငံအတွင်း အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံသူပုန်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသကို ပိတ်ထားပါတယ်။

 

မှောင်ခိုကုန်ကူးသူတွေဟာ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံမှာ ပြန်ရောင်းမယ့် အဲဒီပစ္စည်း တွေကို ကားတစ်စီးပေါ်မှာတင်ထားတာဖြစ်ကြောင်း RAB တပ်ဖွဲ့က ပြောပါတယ်။

 

ဖြစ်စဉ်မှာ အသက် ၂၄ နှစ်အရွယ် အဗ္ဗဒူမန်နန်နဲ့ အသက် ၄၅ နှစ်အရွယ် အလီဟူစိန်ဆိုသူ နှစ်ဦးကို ဖမ်းဆီးမိ ပြီး ၎င်းတို့နှစ်ဦးကို တက်ခ်နက်ဖ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

 

အဗ္ဗဒူမန်နန်ရဲ့ ဖခင်ဖြစ်သူ အဘူဘရှားရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် စုစုပေါင်း ၅ ဦးက ထွက်ပြေးဖို့ ကြိုး စားနေတုန်းမှာ ၎င်းတို့ ၂ ဦးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

 

ဘရှားရဲ့ကြက်ခြံတွင်းက ဖမ်းဆီးမိတဲ့ပစ္စည်းတွေကတော့ ပဲပုပ်ဆီ ၄၄၇၀ လီတာ၊ ဂျုံမှုန့် ၅၀၀ ကီလိုဂရမ်နဲ့ ဆေးဝါးအမျိုးမျိုး ၁၃၆၅၅၀ ပြား ဖြစ်ကြောင်း RAB တပ်ဖွဲ့က ပြောပါတယ်။

 

အဲဒီမှောင်ခိုကူးတဲ့အဖွဲ့ဟာ မြန်မာနိုင်ငံထဲကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေသွားရောက်ပို့ဆောင်ပြီး အပြန်မှာ တရားမဝင်မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာလေ့ရှိတယ်လို့ RAB တပ်ဖွဲ့က ပြောပါတယ်။

 

Ref: Bangladesh seizes cooking oil, medicines hoarded for ‘smuggling into war-torn Myanmar’

 

#PeopleMedia


Share this post