မြန်မာနိုင်ငံထဲက ကျားဖြန့်ဂိုဏ်းတွေမှာ ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံခြားသား အမျိုးသမီးတချို့ အဓမ္မပြုကျင့်ခံခဲ့ရပြီး ကိုယ်ဝန်လွယ်ထားရ

PUBLISHED - March 21, 2025
နိုင်ငံတကာ၊ မတ် ၂၁
မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းလှုပ်ရှားရာ နယ်မြေတွေမှာ ထိန်းသိမ်းခံထားရစဉ် နိုင်ငံခြားသား အမျိုးသမီး ၁၂ ဦးဟာ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်လွယ်ထားရတဲ့အတွက် ထိုင်းနိုင်ငံထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရ တယ်လို့ The Nation မှာ ရေးသားဖော်ပြထားပါတယ်။
အဲဒီအုပ်စုထဲက အမျိုးသမီးတစ်ဦးဟာ ဗုဒ္ဓဟူးနေ့ (မတ်လ ၁၉ ရက်နေ့) က ကိုယ်ဝန်ပျက်ကျသွားခဲ့ကြောင်း လူကုန်ကူး ခံရသူများကူညီရေးအရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက် (Civil Society Network for Assisting Human Trafficking Victims – CSNAHTV) က ပြောပါတယ်။
ကိုယ်ဝန်လွယ်ထားရတဲ့ အဲဒီအမျိုးသမီးတွေဟာ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နာမည်ဆိုးနဲ့ ကျော် ကြားတဲ့ ကရင်ပြည်နယ်ထဲက Taizhang မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ တရုတ်အွန်လိုင်းဂိုဏ်းတွေက ဖျားယောင်းသွေးဆောင်ခေါ်ယူခဲ့တဲ့ အီသီယိုပီးယားနိုင်ငံသား ၃၂၀ ထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
ကျားဖြန့်ဂိုဏ်းတွေ နှိမ်နှင်းဖို့အတွက် တရုတ်နိုင်ငံက ဖိအားပေးတောင်းဆိုခဲ့ပြီးနောက် အဲဒီလူကုန်ကူးခံရတဲ့နိုင်ငံခြား သားအားလုံးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နဲ့ ဒီမိုကရက်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) တို့က ကယ်တင် ခဲ့ကြတာဖြစ်ပါတယ်။
ကျားဖြန့်ဂိုဏ်းတွေကို ဝင်ရောက်စီးနင်းရာမှာ လူဦးရေ ၆၅၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး မူရင်းနိုင်ငံကို ပြန်လည်ပို့ ဆောင်နေပေမဲ့ DKBA ရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ လူဦးရေသိပ်သည်းကျပ်ညှပ်စွာ နေထိုင်နေရတဲ့အတွက် ၎င်းတို့ ရဲ့ အခြေအနေတွေကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ကိုယ်ဝန်လွယ်ထားရတဲ့ အမျိုးသမီးတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့ CSNAHTV ကွန်ရက် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဂျေးခရစ်တာယာက တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး ချူချစ်ပေါင်ချိုင်းနဲ့ ထိုင်းနိုင်ငံ အမျိုး သားလူ့အခွင့်အရေးကော်မရှင်ထံ စာရေးအကူအညီတောင်းခံခဲ့ပါတယ်။
ကိုယ်ဝန်လွယ်ထားရတဲ့ အမျိုးသမီးတွေရဲ့ သက်ဆိုင်ရာသံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးတွေနဲ့ ဆက်သွယ်ပြီး လိုအပ် တဲ့အကူအညီပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာန ကို အကူအညီတောင်းခံခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ အဲဒီအမျိုးသမီးတွေ မေတ္တာရပ်ခံလာခဲ့ရင် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုအကူအညီပေး ဖို့ အမျိုးသားလုံခြုံရေးကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကိုလည်း အမျိုးသားလူ့အခွင့် အရေးကော်မရှင်က အကူအညီတောင်းခံထားပါတယ်။
Ref: Women ‘raped, impregnated’ in Myanmar scam centres seek Thai aid
#PeopleMedia