• Follow Us on

Home မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ထဲကို ဒုက္ခသည် ၃၀၀၀ ကျော်ဝင်ရောက်လာ

မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ထဲကို ဒုက္ခသည် ၃၀၀၀ ကျော်ဝင်ရောက်လာ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၂

 

မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြန်မာနိုင်ငံသား ၃၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ပြေးဝင်ခိုလှုံ လာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ပေးနေကြောင်း ထိုင်း အာဏာပိုင်တွေက စနေနေ့ (ဧပြီလ ၂၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် တိုးပွားလာမှာကို စောင့်  ကြည့်နေဖို့ ကျန်းမာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာအိုပက်စ်ကန်ကာဝင်းပေါင်က ၎င်းကို တာ  ဝန်ပေးထားကြောင်း အမှတ် ၂ ကျန်းမာရေးဒေသ အထွေထွေစစ်ဆေးရေးမှူး ဒေါက်တာဆိုပွန်အီရမ်ဆီရိတဝန်  က ပြောပါတယ်။

 

မတည်ငြိမ်တဲ့ဒေသကထွက်ပြေးလာတဲ့လူတွေကို စောင့်ရှောက်ရာမှာ လူသားချင်းစာနာမှုမူဝါဒတွေကို အခြေခံ ထားကြောင်း၊ တာ့ခ်ပြည်နယ်ထဲက ဒေသအာဏာပိုင်တွေနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက ဒေသလုံခြုံရေးနဲ့ ဒုက္ခ သည်တွေအတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေကို ထောက်ပံ့ပေးနေကြောင်း ဒေါက်တာဆိုပွန်က ပြောပါ တယ်။

 

ဘန်ဝန်းတာ့ခ်ဟီယန်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေက ရှေးဦးသူနာပြုစုရေးစခန်းတွေ ဖွင့်လှစ်ကာ အ  သေးစား ဒဏ်ရာတွေကို ကုသပေးနေပြီး ရောဂါဘယတွေဖြစ်ပွားလာမှာကို အနီးကပ်စောင့်ကြပ်ကြည့်ရှုနေ  တယ်လို့ ဆိုပါတယ်။

 

အဲဒီဒေသက လိုအပ်လို့ အကူအညီတောင်းခံလာရင် အနီးအနားဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေကို စေ လွှတ်ပေးဖို့အတွက်လည်း တာ့ခ်ပြည်နယ်ကျန်းမာရေးရုံးက စီစဉ်ထားတယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် အရေးပေါ်အခြေအနေမတွေဖြစ်လာခဲ့ရင် ကိုင်တွယ်ဆောင်ရွက်နိုင်အောင်လို့ ဆေးဝါးတွေ၊ ဆေးဝါး အထောက်အကူပစ္စည်းတွေကိုလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

 

လူသားချင်းစာနာမှု မူဝါဒနဲ့အညီ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်  အခုလိုပြင်ဆင်ဆောင်ရွက်နေတာ ကြောင့် ထိုင်းနိုင်ငံသားတွေကိုကိုထောက်ပံ့နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ထိခိုက်မှုရှိမှာ မ ဟုတ်ေြာင်း ဒေါက်တာဆိုပွန်က ပြောပါတယ်။

 

မြဝတီဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံဘက်က အိမ်တချို့ကို ကျည်ထိမှန်ခဲ့ပေမဲ့ သေဆုံး/ဒဏ်ရာရတာ မရှိဘူးလို့ဆိုပါတယ်။

 

ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ စနေနေ့မနက် ၄ နာရီကျော်ကနေ ညနေ ၆ နာရီအထိ မြန်မာ့တပ်မတော်နဲ့ ကရင်သူပုန်အုပ်စုကြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

 

ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး နှစ်နိုင်ငံ အသွားအလာဆက် လက်ရှိနေပေမဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကိုတော့ ယာယီပိတ်ထားတယ်လို့ဆိုပါတယ်။

 

မြဝတီဘက်ကထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေအတွက် တာ့ခ်ပြည်နယ်က အာဏာပိုင်တွေက ယာယီခိုလှုံ ရေးစခန်းတွေ စီစဉ်ပေးထားသလို ခိုလှုံရေးစခန်း ၆ ခုမှာ ဒုက္ခသည် ၃၀၂၇ ဦး ရှိသွားပြီဖြစ်ကြောင်း သိရပါ  တယ်။

 

Ref: As fighting intensifies in Myanmar, over 3,000 people given shelter in Tak

 

#PeopleMedia


Share this post