• Follow Us on

Home မြန်မာနိုင်ငံထဲက ထိုင်းအကျိုးစီးပွားတွေကို ကာကွယ်ဖို့ ထိုင်းအစိုးရကို FTI တိုက်တွန်း

မြန်မာနိုင်ငံထဲက ထိုင်းအကျိုးစီးပွားတွေကို ကာကွယ်ဖို့ ထိုင်းအစိုးရကို FTI တိုက်တွန်း

Share this post

နိုင်ငံတကာ၊ မတ် ၄

 

မြန်မာနိုင်ငံထဲမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ပိုမိုကြိုးပမ်း ဆောင်ရွက်ဖို့ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း (Federation of Thai Industries – FTI) က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

 

မြန်မာနိုင်ငံထဲမှာ စီးပွားရေးလုပ်နေတဲ့ ထိုင်းပုဂ္ဂလိကလုပ်ငန်းကဏ္ဍဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အ တွက် ရင်းနှီးမြှုပ်နှံမှုတွေ နှောင့်နှေးကြန့်ကြာနေသလို ပြီးခဲ့တဲ့နှစ်က ၁၁% ကျဆင်းခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေး ဟာလည်း ဆက်လက်ကျဆင်းနေတယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ထိုင်းစီးပွားရေးလုပ်ငန်းတွေ တိုးချဲ့နေပြီး တခြားနိုင်ငံတွေက ပြန်လည်ဆုတ်ခွာနေကြ စဉ်အတွင်း နောက်ထပ်အခွင့်အလမ်းကောင်းတွေ ရရှိနိုင်အောင် အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ လုပ်ငန်းတွေအနေနဲ့ တဖြည်းဖြည်း ရောယှက်မှုတွေ မြင့်တက်လာတဲ့ ပထဝီ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာရမှာဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအ သင်း (FTI) ဥက္ကဋ္ဌ ကရီးန်ကရိုင်သီယန်နူကူလ်က ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရွှေ့ပြောင်းသွားခဲ့သ လို ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကလည်း အခြေအနေကို တည်ငြိမ်လာတဲ့အထိ စောင့်ကြည့်ရင်း ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတိုးချဲ့မှု အစီအစဉ်တွေကို အရှိန်လျှော့ချထားပါတယ်။

 

စစ်ဆေးရေးဂိတ်တွေ အမြန်ဖွင့်ပေးဖို့ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း (FTI) ရဲ့ တောင်းဆိုမှုကို တက်တက် ကြွကြွ တုံ့ပြန်ဆောင်ရွက်ပေးတဲ့အတွက် ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ကို ကျေးဇူးတင်ကြောင်း ကရီးန် ကရိုင်သီယန်နူကူလ်က ပြောပါတယ်။

 

သွင်းကုန်/ပို့ကုန် နှစ်မျိုစလုံးအဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ဖို့အတွက် စစ်ဆေးရေးဂိတ်တွေကို အဆင့်မြှင့် တင်ဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းအစိုးရဟာ ပြဿနာတွေကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့ နားလည်တဲ့ စီးပွားရေးပညာရှင်တွေ လိုပဲ အမြန်ဆုံး ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်နိုင်ကြောင်း သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။

 

အခုအခြေအနေကို အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း၊ တခြားနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေက ချီတုံချတုံဖြစ်နေပြီး လုပ်ငန်းတွေ ပြန်လည်ရုပ်သိမ်းနေတဲ့အချိန်မှာ အဲဒီအခွင့်အလမ်းထဲကနေ အကျိုးအမြတ်ရ ရှိအောင် ဘယ်လိုအသုံးချမလဲဆိုတာနဲ့ပတ်သက်ပြီး မဟာဗျူဟာ ရေးဆွဲသင့်ကြောင်း ၎င်းကပြောပါတယ်။

 

အဲဒီအပိုင်းဟာ ဆက်လက်ဆွေးနွေးပြီး အခွင့်အလမ်းတွေ ထပ်မံရှာဖွေရမယ့် အပိုင်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ မြန်မာနိုင်ငံထဲက လက်ရှိဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်/သုံးနှစ်အတွင်း ထိုင်းရင်းနှီးမြှုပ်နှံ သူတွေကို ကြီးကြီးမားမား ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဒေသတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဆွေးနွေးမှုတွေကို အဆင်ပြေချောမွေ့ အောင်ဆောင်ရွက်ပြီး အားပေးမြှင့်တင်ရာမှာ ထိုင်းဗဟိုဘဏ်က အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့အ တွက် ထိုင်းနိုင်ငံဟာ ကံကောင်းနေခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းကုန်စည်တွေ ဝယ်လိုအား မြင့်တက်လာတဲ့အတွက် ထိုင်းစီးပွားရေးဟာ ဆက်လက်ရှင်သန်ဖွံ့ဖြိုးခဲ့ပါတယ်။ လက်ရှိအချိန်မှာ အဓိကစိန်ခေါ်ချက်က ငွေကြေးဈေးနှုန်းအပြောင်းအလဲဖြစ်ပါတယ်။

 

ဘတ်ငွေနဲ့ ကျပ်ငွေ ဒေသ တွင်းအဆင်ပြေချောမွေ့စာ လဲလှယ်သုံးစွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မူဝါဒတစ်ခုကို ချမှတ်ခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဗဟိုဘဏ်ဟာ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ကုန်သွယ်ရေးမညီမျှမှုတွေကြောင့် နိုင်ငံခြားအရန်ငွေဟာ သိသိသာသာ လျော့ကျ လာခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံခြားအရန်ငွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ကုန်သွယ်ရေး ဟန့်တားမှုတစ်ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ကြောင့် ထိုင်းနိုင်ငံအနေနဲ့ ကြီးကြီးမားမား ထိခိုက်တာမရှိခဲ့ပါဘူး။

 

“ဒါပေမဲ့ တိုက်ပွဲတွေက ပိုမိုကျယ်ပြန့်လာပြီး ထိုင်းနယ်စပ်အနီးက တိုင်းရင်းသားဒေသတွေအထိ ရောက်ရှိလာ တဲ့အချိန်မှာတော့ လော်ဂျစ်စတစ်ပြဿနာဖြစ်လာပါတယ်။ ကုန်သွယ်ရေးနဲ့ ကုန်ပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်းတွေ အတွက် အခက်အခဲတွေဖြစ်လာသလို လုံခြုံရေးအန္တရာယ်ကလည်း ပိုမိုမြင့်တက်လာပါတယ်။” လို့ ကရီးန် ကရိုင်သီယန်နူကူလ်က ပြောပါတယ်။

 

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကုန်သွယ်ရေးအဆင်ပြေချောမွေ့စေဖို့အတွက် အစိုးရကဆောင်ရွက်ပေးဖို့ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်း (FTI) က အဆိုပြုထားကြောင်း FTI ဒုတိယဥက္ကဋ္ဌ မွန်ထရီမဟာပလပ်ပေါင် က ပြောပါတယ်။ အဲဒီအဆိုပြုချက်ထဲမှာ မြန်မာနိုင်ငံထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ မတည်ငြိမ်တွေရဲ့ အကျိုးသက် ရောက်မှုတွေကို လျော့ပါးသက်သာစေဖို့အတွက် စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ထိုင်းရင်းနှီးမြှုပ်နှံသူ တွေကို ဂရုတ စိုက်အကာအကွယ်ပေးဖို့လည်း ပါဝင်ပါတယ်။

 

Ref: FTI urges government to do more to protect Thai interests in Myanmar

 

#PeopleMedia


Share this post