• Follow Us on
Latest News

Home မြန်မာနိုင်ငံနဲ့ ရုရှားတို့ကြား စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် နျူကလီးယား ကဏ္ဍတွေပါ ဆွေးနွေးနေ

မြန်မာနိုင်ငံနဲ့ ရုရှားတို့ကြား စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် နျူကလီးယား ကဏ္ဍတွေပါ ဆွေးနွေးနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

 

မြန်မာနိုင်ငံနဲ့ ရုရှားတို့ကြား စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် နျူကလီးယား ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြင့်ဖို့လည်းရည်မှန်းထားတယ်လို့ ရုရှား TASS သတင်းဖော်ပြချက် အရ သိရပါတယ်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး လတ်ဗ်ရော့ဟာ ရုရှားနိုင်ငံကို အလုပ်သဘော လာရောက်လည်ပတ်နေတဲ့ မြန်မာ နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ စီးပွားရေး နဲ့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ရဲ့ ပြောကြားချက်အရဝန်ကြီးတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေး နယ်ပယ်တစ်ခုလုံးရဲ့ နောက်ထပ်ဖွံဖြိုးတိုးတက်မှုအတွက် “နိုင်ငံရေး ဆွေးနွေးမှု၊ ကုန် သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖလှယ်မှုတွေကို ဆွေးနွေးသွားကြမှာပါ” လို့ သူမက ပြောပါတယ်။

 

ရုရှားဟာ မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသ နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုလားနေပါ တယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) မှာ ရုရှားနဲ့ အာရှပစိဖိတ်နိုင်ငံတွေ ကြား ကုန်သွယ်မှုဟာ အခုနှစ်အတွင်း ၁၈.၃ ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဆက်လက်ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒါအပြင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂု ရဲ့ ပြောကြားချက်အရ ရုရှားဟာ အာရှပစိဖိတ်နိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ရုရှားနဲ့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအများအပြားဟာ “ကိုလိုနီစနစ်ဆန့်ကျင်ရေး အတွေ့အကြုံ” တွေကို မျှဝေခဲ့ ကြရတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

 

ရုရှားနဲ့ မြန်မာနိုင်ငံကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံရေးတွေအပြင် ခရီးသွားကဏ္ဍတွေမှာ အရှိန်အဟုန်နဲ့ ဖွံဖြိုးတိုးတက်နေပြီး နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းတွေပါရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ မှာ ရုရှားဘာသာစကားကို လေ့လာဖို့ စိတ်ဝင်စားမှုတွေ မြင့်တက်နေတဲ့အတွက် ကျောင်းသားပေါင်း ၁၅၀၀ ကျော်ရှိတဲ့ မန္တလေးတက္ကသိုလ်မှာ ရုရှားဘာသာစကား ပညာရေးစင်တာကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

 

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ စွမ်းအင်၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ဂေဟစနစ်၊ ပညာရေး၊ ပြည်သူ့ ကျန်းမာရေးနှင့် သတင်းအချက်အလက်တွေအပါအဝင် ရေရှည်ပူးတွဲစီမံကိန်းတွေ ရေးဆွဲဖို့ အဖွဲ့တစ်ခုဖွဲ့စည်းဖို့ အဆိုပြုထားတယ်လို့ ဆိုပါတယ်။

 

ထို့အပြင် နှစ်နိုင်ငံနျူကလီးယား ကဏ္ဍမှာ ပူပေါင်းဆောင်ရွက်မှုတွေကို တိုးမြင့်ဖို့ စီစဉ်ထားတယ်လို့ ရုရှားနိုင်ငံ ပိုင်နျူကလီးယားကော်ပိုရေးရှင်း Rosatom Alexey Likhachev ရဲ့ ပြောကြားချက်အရသိရပါတယ်။

 

မြန်မာနိုင်ငံဟာ နိုင်ငံအတွင်းမှာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေးနဲ့ ပတ်သက်လို့ Rosatom နဲ့ သဘောတူညီချက်ရရှိဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ မြန်မာ့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်ရဲ့ ပြောကြားချက်အရ မြန်မာနိုင်ငံဟာ စီးပွားရေးအရ လွပ်လပ်မှုရရှိဖို့အတွက် နျူကလီယား ကဏ္ဍ ဖွံဖြိုးတိုးတက်စေလိုတယ်လို့ ဆိုပါတယ်။

 

Ref; Tass

 

#PeopleMedia


Share this post