• Follow Us on

Home မြန်မာနိုင်ငံနှင့် နိုင်ငံ (၅)နိုင်ငံ ပါဝင်သည့် ဇင်ယော် ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများကို တိုက်ဖျက်သွားမည်ဟု တရုတ်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံနှင့် နိုင်ငံ (၅)နိုင်ငံ ပါဝင်သည့် ဇင်ယော် ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများကို တိုက်ဖျက်သွားမည်ဟု တရုတ်သံရုံးထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံ (၆)နိုင်ငံ ပါဝင်သည့် ဇင်ယော် ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို စတင်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ ဇင်ယော် ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းတွင် နိုင်ငံအသီးသီးမှ ပျောက်ဆုံး၊ ပိတ်လှောင်ခံ နေရသော ပြည်သူပြည်သားများကို အစွမ်းကုန်ကယ်ဆယ်သွားမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၁)ရက်က လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ကျင်းပခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

 

အဆိုပါလှုပ်ရှားမှုသည် နိုင်ငံအသီးသီး၏ တရားဥပဒေစိုးမိုးရေး အရင်းအမြစ်များ စုစည်းထားပြီး ဒေသတွင်း ဆက်သွယ်ရေးလိမ်လည်မှုနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု အင်အားဖြစ်ကြောင်း၊ အစားထိုး၍မရသော ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအနေဖြင့် ကောင်းမွန်စွာ ပါဝင်ခဲ့ကြောင်း၊ မျှော်မှန်းထားသော ရလဒ်များ ရရှိခဲ့ကြောင်း၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း နိုင်ငံ (၆)နိုင်ငံမှ အသီးသီး သဘောတူညီခဲ့ကြသည်။

 

“ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုသည် နိုင်ငံ (၆) နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးဌာနများမှ ညှိနှိုင်းပြီး ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇဝတ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှု အတူတကွတိုက်ဖျက်ခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှုအသီးသီး စုစုပေါင်း (၁၆၀) မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့သလို တရားခံပေါင်း (၇)သောင်းကျော် ဖမ်းဆီးနိုင်ခဲ့ကာ ပြည်သူ (၁၆၀)ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post