• Follow Us on

Home မြန်မာနိုင်ငံနှင့် GCC နိုင်ငံများအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

မြန်မာနိုင်ငံနှင့် GCC နိုင်ငံများအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

Share this post

နေပြည်တော်၊ သြဂုတ် ၁၇

 

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်ရှိသည့် ASEAN-GCC ထိပ်သီး အစည်း အဝေးကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၊ GCC အတွင်းရေးမှူး ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံသံအမတ်ကြီးများအကြား သြဂုတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် သံအမတ်ကြီးဦးတင်ယုမှ ASEAN-GCC ထိပ်သီးအစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စ ရပ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ လတ်တလော မြန်မာနိုင်ငံနှင့် GCC နိုင်ငံများအကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့် GCC နိုင်ငံများ အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအတွက် ရှေ့လာမည့်နှစ်များတွင် နှစ် ဘက်အဆင့်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အပြန်အလှန်ခရီးစဉ်များ အကောင်အထည်ဖေါ် ကြိုးပမ်းဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ GCC ၏ နိုင်ငံရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး ချုပ် H.E. Mr. Abdul Aziz Al-Awaisheq ၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာဆက်ဆံရေး အကြံပေးပုဂ္ဂိုလ် H.E. Dr. Abdullah Al-Tayer ၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ဌာန ညွှန်ကြား ရေးမှူး H.E. Mohammad Al-Quneir နှင့် တာဝန်ရှိသူများ၊ ရီရတ်ဒ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post