• Follow Us on
Latest News

Home မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘောဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့်ကိစ္စများဆွေးနွေး

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘောဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့်ကိစ္စများဆွေးနွေး

Share this post

နေပြည်တော်၊ ဩဂုတ် ၃၁

 

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

မြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား သြဂုတ်လ ၃၀ရက်၊ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမို တိုးတက် ခိုင်မာရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန် အကျိုးရှိ စေမှုအပေါ် မူတည်၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရန် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး၊ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအား ထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့်ကိစ္စများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် အကျိုးတူ ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post