• Follow Us on

Home မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေအရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေအရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

Share this post

နေပြည်တော်၊ ဩဂုတ် ၃၁

 

မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian ပြောကြားသည်။

 

AFP သတင်းဌာန သတင်းထောက်မှ တရုတ်နိုင်ငံဟာ TNLA ကို မြန်မာ-တရုတ်နယ်စပ်ဒေသနှင့် နီးစပ်သည့် နေရာတွင် စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် သတိပေးကြောင်း မြန်မာမီဒီယာအချို့တွင် သတင်းဖော်ပြထားကြောင်း တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆိုမှုရှိမရှိကို အတည်ပြုပေးနိုင်ပါသလား မေးမြန်ချက်အား Mr. Lin Jian ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေး အတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က ပြောသည်။

 

TNLA အနေနှင့် ချက်ချင်းရပ်ရမည်ဖြစ်ပြီး အပစ်မရပ်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တာဝန်ယူရမည်ဟု တရုတ်အစိုးရမှ ဩဂုတ်လ (၂၉) ရက် ရက်စွဲဖြင့် စာထုတ်ကာ ပြင်းပြင်းထန်ထန် သတိပေးထားသည်။

 

#PeopleMedia


Share this post