မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု တရုတ်ပြော
PUBLISHED - August 31, 2024
နေပြည်တော်၊ ဩဂုတ် ၃၁
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခ လှုပ်ရှားမှု အခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နှင့် အပစ်အခတ်ရပ်စဲရန် အမြဲလုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနောက်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
#PeopleMedia