မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခနဲ့ပတ်သက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြုသဘောဆောင်တဲ့ရလဒ်ကောင်း တွေထွက်ပေါ်လာကြောင်း တရုတ်ပြော
PUBLISHED - December 12, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂
မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား သီတင်းပတ်များစွာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နောက် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ရာ အပြုသဘောဆောင်တဲ့ရလဒ်ကောင်းတွေ ထွက်ပေါ်လာတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။
ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့၊ မြန်မာအမျိုးသားများဒီမိုကရက်တစ်တပ်မတော်ခေါ် MNDAA ကိုးကန့်သူပုန် အဖွဲ့နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ခေါ် TNLA သူပုန်အဖွဲ့တို့ ပူးပေါင်းပြီး အောက်တိုဘာ လ နှောင်းပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက် လက်ဖြစ်ပွားနေပါတယ်။
အဲဒီသူပုန်အုပ်စုတွေဟာ တပ်စခန်းအများအပြားနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို သိမ်းပိုက်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီးတဲ့အချိန်ကတည်းက နစက အစိုးရအတွက် အကြီးမားဆုံးစစ်ရေးစိန်ခေါ်မှုကြီး ဖြစ်တယ်လို့ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနိုင်ခဲ့ပြီး အပြုသဘောဆောင်တဲ့ရလဒ်ကောင်းတွေ ထွက်ပေါ်လာတဲ့အတွက် တရုတ်နိုင်ငံက ဝမ်းသာပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မော်နင်က ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ အဲဒီဆွေးနွေးပွဲရည်မှန်းချက်အောင်မြင်တဲ့အထိ ဆက်လက်အားပေးထောက်ပံ့သွားမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းမှာ တင်းမာမှုတွေလျော့ကျလာတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအားလုံးရဲ့ အ ကျိုးစီးပွားအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် အေးချမ်းတည်ငြိမ်မှု ကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။” လို့ မော်က ပြောပါတယ်။
ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွက် “နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး” နည်းလမ်းရှာဖွေဖို့ ရည်ရွယ်ပြီး တပ်မတော်အနေ နဲ့ AA သူပုန်အဖွဲ့၊ MNDAA သူပုန်အဖွဲ့၊ TNLA သူပုန်အဖွဲ့တို့နဲ့ ဆွေးနွေးခဲ့ကြောင်း နစက အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဆွေးနွေးပွဲကို တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ကျင်းပခဲ့တာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပေမဲ့ ဘယ် အချိန်/ဘယ်နေရာမှာ ကျင်းပခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
“အခုအစည်းအဝေးမှာရရှိလာတဲ့ တိုးတက်မှုတွေပေါ်အခြေခံပြီး အခုလကုန်လောက်မှာ နောက်ထပ်တွေ့ဆုံ ဆွေးနွေးဖို့ ှရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: China Says Peace Talks Held Over North Myanmar Conflict, ‘Positive Results’
#PeopleMedia