• Follow Us on
Latest News

Home မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်ပို့မယ့်အရေး အလွန်ခက်ခဲလာ ကြောင်း ရှိတ်ဟာဆီနာပြော

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်ပို့မယ့်အရေး အလွန်ခက်ခဲလာ ကြောင်း ရှိတ်ဟာဆီနာပြော

Share this post

နိုင်ငံတကာ၊ မတ် ၅

 

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အတွက် ဘင်္ဂလီဒုက္ခသည်တွေ (မူရင်းမှာရိုဟင်ဂျာ) နေရပ်ပြန်ပို့မယ့် အရေးဟာ အလွန်ခက်ခဲလာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက တနင်္လာနေ့ (ဖေဖော်ဝါရီ ၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ဘင်္ဂလီတွေ နေရပ်ပြန်ပို့ဖို့အရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ လက်ရှိအချိန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဲဒီလိုပြန်ပို့ဖို့ကိစ္စဟာ အလွန်ခက်ခဲသွားပြီဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

ဝန်ကြီးချုပ်ရဲ့အမျိုးသားပါလီမန်ရုံးမှာ ပါမောက္ခပါယမ်အက်ခဗန်က ၎င်းကို လာရောက်တွေ့ဆုံစဉ် ဝန်ကြီးချုပ် က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ပါမောက္ခအက်ခဗန်ဟာ နိုင်ငံတကာတရားရုံး (International Court of Justice – ICJ) မှာ ခန့်အပ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရှေ့နေဖြစ်ပါတယ်။ ဘင်္ဂလီဒုက္ခသည်တွေဟာ အခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အလွန်ကြီးမားလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီးဖြစ် နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ဟာဆီနာက ပြောပါတယ်။

 

“မြန်မာနိုင်ငံသားဘင်္ဂလီတွေ အစုလိုက်အပြုံလိုက်ဝင်လာကြတဲ့အတွက် ကော့ဘဇားမှာရှိတဲ့ ဒေသခံတွေဟာ အခုအချိန်မှာ လူနည်းစုအဖြစ်ကို ရောက်ရှိသွားကြပြီဖြစ်ပါတယ်။ အဲဒီဘင်္ဂလီတွေဟာ ကျွန်မတို့ရဲ့သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဘင်္ဂလီဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့တဲ့ကိစ္စမှာ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့အရေး တိကျသေချာ အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်ကို အခြေပြုပြီး သောင်းကျန်းမှုဆောင်ရွက်ဖို့အတွက် ဘယ်အဖွဲ့အစည်း ကိုမှ ခွင့်ပြုမှာမဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း ဝန်ကြီးချုပ်က ထပ်လောင်းပြော ကြားပါတယ်။

 

ဘင်္ဂလီဒုက္ခသည်လူငယ်တွေ ရာဇဝတ်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိအောင်ရည်ရွယ်ပြီး အစိုးရအနေ နဲ့ ဘင်္ဂလီတစ်သိန်းကို ဘာရှန်ချာကျွန်းမှာ နေရာချထားဖို့ စီစဉ်ခဲ့ရာ အခုအချိန်အထိ အဲဒီကျွန်းကို ဘင်္ဂလီလူ ငယ် ၃၅၀၀၀ စေလွှတ်ပေးပြီးဖြစ်ကြောင်း ဟာဆီနာက ပြောပါတယ်။

 

ဘင်္ဂလီအုပ်စုတချို့ဟာ လက်နက်ကုန်ကူးမှု၊ အမျိုးသမီးကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုတွှေလို ရာဇဝတ်မှု အလုပ်တွေမှာ ပါဝင်ပတ်သက်နေတာကို တွေ့ရကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

Ref: PM Hasina: Myanmar conflict makes Rohingya repatriation difficult

 

#PeopleMedia


Share this post