• Follow Us on
Latest News

Home မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းခံနေရတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦး ထိုင်းနိုင်ငံကို ပြန်လည်ပို့ဆောင်မည်

မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းခံနေရတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦး ထိုင်းနိုင်ငံကို ပြန်လည်ပို့ဆောင်မည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

 

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ ကာစီနိုရုံတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာ အာဏာပိုင်တွေက ကယ်တင်ခဲ့ပြီး အခုလာမယ့် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၇ ရက်နေ့) မှာ ထိုင်းနိုင်ငံကို ပြန်လည် ပို့ဆောင်ပေးဖို့ စီစဉ်ထားကြောင်း ထိုင်း PBS World သတင်းဌာနမှာရေးသားထားပါတယ်။

 

ထိုင်းနိုင်ငံသား ၉၂ ဦး မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိရေး ချောမွေ့စွာဆောင်ရွက်နိုင်အောင် ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ်၊ မဲဆောက်ခရိုင်မှာရှိတဲ့ မြို့နယ်နယ်စပ်ရေးရာကော်မတီနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ဖို့ ထိုင်းတော် ဝင်ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက ညွှန်ကြားထားပါတယ်။

 

အဲဒီထိုင်းနိုင်ငံသား ၉၂ ဦးဟာ လစာကောင်းကောင်းရမယ်လို့ မက်လုံးပေးဖြားယောင်းခေါ်ယူခဲ့ပေမဲ့ မဖြစ်စ လောက်အခကြေးငွေ အနည်းအကျဉ်းနဲ့သာ အဓမ္မခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံသားတင်မက တရုတ်နိုင်ငံသားများအပါအဝင် တခြားနိုင်ငံသားတွေလည်း အဲဒီနေရာမှာအလုပ်လုပ် ဖို့ သွေးဆောင်ဖြားယောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

 

သွေးဆောင်ခံရသူအများအပြားဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေက ထိန်းချုပ်လည်ပတ်နေတဲ့ လုပ်ငန်းတွေရဲ့ call center တွေမှာဖြစ်စေ တခြားတရားမဝင်လုပ်ငန်းတွေမှာဖြစ်စေ အလုပ်လုပ်ကြရပါတယ်။

 

ထိုင်းနိုင်ငံသားတွေကို ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ် မဲဆောက်ခရိုင်နဲ့ မဲရာမက်ခရိုင် မျက်နှာချင်းဆိုင်မှာရှိတဲ့ ယထိုင်းအထူးတရုတ်စီးပွားရေးသီးသန့်ဇုံမှာ အလုပ်လုပ်ဖို့ ပို့ဆောင်ခဲ့တာဖြစ်ကြောင်း ထိုင်းတပ်မတော်က ပြော ပါတယ်။

 

ခန့်မှန်း ၁၂၁၄၁ ဟက်တာအကျယ်ရှိတဲ့ မြေပေါ်မှာ မြို့သစ်တစ်ခုတည်ဆောက်ဖို့အတွက် ယထိုင်းနိုင်ငံတကာ ဦးပိုင်အုပ်စုရဲ့ ဥက္ကဋ္ဌ ရှီဂျေးဂျန်းကို ၅၉ နှစ် လုပ်ကိုင်ခွင့်နဲ့ သက်တမ်းတိုး နောက်ထပ် အနှစ် ၂၀ လုပ်ကိုင်ခွင့်ကို မြန်မာ့တပ်မတော်က ပေးခဲ့တာလို့ ဆိုပါတယ်။

 

အဲဒီမြို့သစ်တည်ဆောက်မှုမှာ ကာဆီနိုလောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ စက်မှုဇုံ၊ စီးပွားရေးဇုံတွေနဲ့ ဒေသခံပြည်သူတွေ နေထိုင်ဖို့ လူနေရပ်ကွက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

 

မြို့သစ်တည်ဆောက်မှုအတွက် ဒေါ်လာ ၁၅ ဘီလျံ ဝန်းကျင်ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး အဲဒီမြို့သစ်မှာ တရုတ်လူမျိုး ၄၀၀,၀၀၀ ဝန်းကျင် လက်ခံသွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံတကာ ဦးပိုင်အုပ်စုရဲ့ ဥက္ကဋ္ဌ ရှီဂျေးဂျန်းကို ၂၀၂၂ ခုနှစ် သြဂုတ်လက ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းများအတွက် အမှုရင်ဆိုင်ဖို့ တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါ တယ်။

 

Ref: Thais rescued from forced labour in Myanmar to return home on Wednesday

 

#PeopleMedia


Share this post