မြန်မာနိုင်ငံမှ တွင်းထွက်သတ္တုများထုတ်လုပ်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး နစကဥက္ကဋ္ဌနှင့် ရုရှားရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ အမှုဆောင်အရာရှိချုပ်တို့ဆွေနွေး

PUBLISHED - November 10, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက် ဒေရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် Mr. Alexander Sergeevich SHATIROV ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာမှု အခြေအနေများ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံမှတွင်းထွက်သတ္တုများထုတ်လုပ်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ် လုပ်နိုင်ရေးကိစ္စရပ်များ၊ စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝသယံဇာတများထိန်းသိမ်း နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ် ၍ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုး မြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် Mr. Alexander Sergeevich SHATIROV နှင့်အတူ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
#PeopleMedia