• Follow Us on
Latest News

Home မြန်မာနိုင်ငံမှ ရေကြီးရေလျှံမှု ဒဏ်ခံခဲ့ရသည့် ဒေသရှိ ပြည်သူများကို ကူညီရန် အိန္ဒိယအစိုးရမှ အကူအညီ ပစ္စည်း (၅၃) တန် လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံမှ ရေကြီးရေလျှံမှု ဒဏ်ခံခဲ့ရသည့် ဒေသရှိ ပြည်သူများကို ကူညီရန် အိန္ဒိယအစိုးရမှ အကူအညီ ပစ္စည်း (၅၃) တန် လွှဲပြောင်းပေးအပ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများအပါအဝင် ရေကြီးရေလျှံမှု ဒဏ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများကို ကူညီရန်အတွက် အကူအညီပစ္စည်း (၅၃)တန်ကို အိန္ဒိယအစိုးရမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

သံအမတ်ကြီး Abhay Thakur သည် အိန္ဒိယတပ်မတော် (လေ)မှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် သယ်ဆောင်လာသည့် လူသားချင်းစာနာမှု အကူအညီပစ္စည်းများ စုစုပေါင်း ပစ္စည်းတန်ချိန် (၃၂)တန်အား နေပြည်တော်လေဆိပ်သို့ ပို့ဆောင်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ဒုတိယအသုတ်အဖြစ် အိန္ဒိယတပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် လူသားချင်းစာနာမှု အကူအညီပစ္စည်းများ စုစုပေါင်း ပစ္စည်းတန်ချိန် (၂၁)တန်အား ရန်ကုန်မြို့သို့ ပို့ဆောင် ပေးခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ သီလဝါဆိပ်ကမ်းတွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post