• Follow Us on
Latest News

Home မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတို့ တွင် တစ်ဖက်တစ်လမ်းမှပံ့ပိုးပါဝင်ကူညီပြီး နိုင်ငံတော်တာဝန်ကိုထမ်းဆောင်သွားကြရန် ပြည်ထဲရေးဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတို့ တွင် တစ်ဖက်တစ်လမ်းမှပံ့ပိုးပါဝင်ကူညီပြီး နိုင်ငံတော်တာဝန်ကိုထမ်းဆောင်သွားကြရန် ပြည်ထဲရေးဝန်ကြီး တိုက်တွန်း

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှ မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီပြီး နိုင်ငံတော် တာဝန်ကို ထမ်းဆောင်သွားကြရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုက်တွန်းပြောကြားလိုက်သည်။

 

မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့(၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ယမန်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ဗဟိုဌာနချုပ်ရုံးဖွင့်လှစ်၍ အဖွဲ့ဝင်များအင်အား တိုးတက်ခိုင်မာလာစေရေး အတွက် စည်းရုံးရေး၊ ဖွဲ့စည်းရေး၊ ရန်ပုံငွေတိုး တက်ရေးအစရှိသည့် လုပ်ငန်း များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင် အင်အားတိုးတက်ခိုင်မာလာ အောင် တိုင်းဒေသကြီး/ ပြည်နယ်စည်းရုံးရေးကော်မတီ၊ မြို့နယ်စည်းရုံးရေးကော်မတီများဖွဲ့စည်းပြီး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်မှာ ဒီဇင်ဘာလအကုန်မှာ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ရဲမှုထမ်း ဟောင်းအဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များ တိုးတက်ဖွဲ့စည်းနိုင်ခဲ့ကြောင်း ပြောသည်။

 

တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ဝင်များအတွက် သာရေး/ နာရေး၊ လူမှုရေးဆိုင်ရာကိစ္စများမှာ ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေများပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း အလျင်းသင့်သလို ရန်ပုံငွေများထည့်ဝင် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့များမှ လက်ရှိပိုင်ဆိုင်ထားသည့် ရန်ပုံငွေကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်ကိုက်ညီသည့် လုပ်ငန်းများဖြင့် တိုးပွားအောင် ဆက်လက်လုပ်ဆောင်သွားပြီး ရရှိလာသည့် ရန်ပုံငွေများကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ သက်သာချောင်ချိရေးကိစ္စများအပြင် အဖွဲ့ဝင်မိသားစုများ၏ သက်သာချောင်ချိရေးကိစ္စများအထိ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံရဲမှုထမ်းဟောင်း များအဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာလာအောင် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော သည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့အနေဖြင့် အဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင် အောင် ဆောင်ရွက်ရာတွင် ဒို့တာဝန်အ‌ရေး (၃)ပါးကိုဦးထိပ်ထား၍ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာ ယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးဆောင်ရွက်သည့်အပိုင်းတွင် တတ်စွမ်းနိုင်သမျှ မိမိတို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီပေးခြင်းအားဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သွားကြဖို့ တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post