• Follow Us on
Latest News

Home မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်ကို အထူးအလေးပေးလျက်ပဋိညာဉ်ပါပြဋ္ဌာန်းချက်များကိုလိုက်နာလျက်ဟု ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်ကို အထူးအလေးပေးလျက်ပဋိညာဉ်ပါပြဋ္ဌာန်းချက်များကိုလိုက်နာလျက်ဟု ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်ကို အထူးအလေးပေးလျက် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာလျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောသည်။

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ (၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ကျင်းပနေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRAS NOV ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်နှင့်တွေ့ဆုံ၍ ဥပဒေရေးရာကိစ္စရပ်များကို ပူး ပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ (Memo-randum of Cooperation) အရ အကောင်အထည် ဖော်မည့်လုပ်ငန်းရပ်များအား ဆွေးနွေးခဲ့သည်။

 

ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ကမ္ဘာ့နိုင်ငံများအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးဖြစ်ရန်အတွက် ခိုင်မာသည့် ဥပဒေမူဘောင်များရှိရန် လိုအပ်ကြောင်း၊ ဥပဒေမူဘောင်များကို နိုင်ငံ တကာ၊ ဒေသဆိုင်ရာနှင့် ပြည်တွင်းဥပဒေ မူဘောင်ဟူ၍ တွေ့မြင်နိုင်ကြောင်း၊ နိုင်ငံတကာဥပဒေမူဘောင် အနေဖြင့် နိုင်ငံတကာကုန်သွယ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ သဘောတူညီချက်များ နှင့် စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံခြားအနုညာတဆုံးဖြတ်ချက်များကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုခြင်း ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (New York Convention) ကဲ့သို့သော အပြည်ပြည်ဆိုင်ရာဥပဒေမူဘောင်များ ရှိကြောင်းဖြင့် ပြောသည်။

 

ဒေသဆိုင်ရာအဆင့်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်ကို အထူးအလေးပေးလျက် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာလျက်ရှိကြောင်း၊ အာဆီယံတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ်များ၊ အငြင်းပွားမှု ဖြေရှင်းခြင်း နည်းလမ်းများတိုးမြှင့်ခြင်းဆိုင်ရာ အာဆီယံစာချုပ် ကဲ့သို့သောစာချုပ်များကို တွေ့နိုင်ကြောင်း၊ ပြည်တွင်းကိုကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ ကာကွယ်မှုရှိသော စီးပွားရေး ဖြစ်စေရန် ဥပဒေများချမှတ်လျက် အကောင်အထည်ဖော်လျက်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြော သည်။

 

ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အရ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးပါကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုပါကြောင်း၊ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူများကို စောင့်ထိန်းကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် စီးပွားရေးနှင့ စပ်လျဉ်း၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ် လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟူ၍ ဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာကဏ္ဍအလိုက် သက်ဆိုင်ရာ ဥပဒေများကိုလည်း ချမှတ်လျက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ ကာကွယ်မှုရှိသော စီးပွားရေးဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post