မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကျင်းပ

PUBLISHED - January 15, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် သတင်းမီဒီယာများတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
“သတင်းသင်တန်းပေးဖို့၊ မီဒီယာတွေ အကာကွယ်ပြုပေးဖို့၊ ထောက်ပံ့ပေးဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူတစ်ဦးက ပြောသည်။
အခမ်းအနားကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ၊ လက်ရှိ နိုင်ငံအတွင်း ထုတ်ဝေ၊ ဖြန့်ချီထုတ်လွှင့် လျက်ရှိသော သတင်းမီဒီယာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Photo – Ko Thura Zaw
#PeopleMedia