• Follow Us on
Latest News

Home မြန်မာနိုင်ငံသားတွေထံက ကျောက်ကပ်တွေဝယ်ယူပြီး အစားထိုးကုသမှုတွေလုပ်ပေးနေတယ်ဆိုတဲ့ အပိုလို ဆေးရုံကို အိန္ဒိယအစိုးရ စုံစမ်းစစ်ဆေးနေ

မြန်မာနိုင်ငံသားတွေထံက ကျောက်ကပ်တွေဝယ်ယူပြီး အစားထိုးကုသမှုတွေလုပ်ပေးနေတယ်ဆိုတဲ့ အပိုလို ဆေးရုံကို အိန္ဒိယအစိုးရ စုံစမ်းစစ်ဆေးနေ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

 

မြန်မာနိုင်ငံသားတွေထံက ကျောက်ကပ်တွေကို တရားမဝင်ဝယ်ယူပြီး ကျောက်ကပ်အစားထိုးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အိန္ဒိယနိုင်ငံက အပိုလိုအမည်ရှိပုဂ္ဂလိက ဆေးရုံတစ်ခုကို အိန္ဒိယအစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။

 

အပိုလိုဆေးရုံဟာ မြန်မာနိုင်ငံကျေးလက်ဒေသကလူတွေဆီက ကျောက်ကပ်တွေဝယ်ယူပြီး ဆေးဝါးကုသမှု တွေလုပ်နေကြောင်း ဗြိတိန်နိုင်ငံက Telegraph သတင်းစာမှာရေးသားဖော်ပြခဲ့ပြီးနောက် အိန္ဒိယနိုင်ငံကျန်းမာ ရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသား ခန္ဓာကိုယ်နဲ့ တစ်ရှူးအစိတ်အပိုင်းများ အစားထိုးကုသမှုအဖွဲ့ (The National Organ and Tissue Transplant Organisation – NOTTO) က အိန္ဒိယအစိုးရထံ စာရေးသားတိုင် ကြားခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကျေးလက်ဒေသက လူငယ်တွေကို အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ အဲဒီဆေးရုံကို လေယာဉ်နဲ့ခေါ် လာပြီး မြန်မာသူဌေးလူနာတွေအတွက် ကျောက်ကပ်ရောင်းဖို့ စည်းရုံးခဲ့ကြတာဖြစ်တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အိန္ဒိယနိုင်ငံမှာ အပိုလိုနာမည်နဲ့ ပုဂ္ဂလိက ဆေးရုံနှစ်ခုဖွင့်လှစ်ထားပြီး အပိုလိုဆေးရုံတွေကတော့ ရိုက်တာ သ တင်းဌာနရဲ့ မေးမြန်းချက်တွေကို ချက်ချင်းပြန်လည်ဖြေကြားတာမရှိပါဘူး။

 

အဲဒီလိုသတင်းစာကဖော်ပြတဲ့အတွက် လုံးဝထိတ်လန့်တုန်လှုပ်မိပြီး ဌာနတွင်းစုံစမ်းစစ်ဆေးမှုပြုလုပ်သွားမှာ ဖြစ်တယ်လို့ အပိုလိုဆေးရုံတွေက ပြောကြောင်း အပိုလိုဆေးရုံနဲ့ သတင်းထောက်တွေရဲ့ပြောဆိုချက်တွေနဲ့ အပိုလိုဆေးရုံအရာရှိတွေရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

“အခုလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တရားမဝင်လဲလှယ်ကုသပေးတယ်ဆိုတဲ့ ဆိုးရွားလှတဲ့ အလုပ်မျိုးကို လုပ် ဆောင်တယ်ဆိုတဲ့ပြောဆိုချက်ကို လုံးဝ မမှန်ကြောင်း ငြင်းဆိုပါတယ်။” လို့ အပိုလိုဆေးရုံရဲ့ပြောစကားကို ကိုး ကားပြီး အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

“နောက်ထပ်တစ်ဆင့် အရေးယူဆောင်ရွက်ဖို့ မဆုံးဖြတ်ခင်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေး ပြီး သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။” လို့ NOTTO အဖွဲ့ ညွှန်ကြားရေးမှူး အေနီကူးမားက ရိုက်တာသတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

 

နယူးဒေလီမြို့ မှာ အပိုလိုအမည်နဲ့ ဆေးရုံနှစ်ခုဖွင့်လှစ်ထားရှိတဲ့ အင်ဒရာပရက်သာဆေးဘက်ဆိုင်ရာကော်ပို ရေးရှင်း (Indraprastha Medical Corp) အဖွဲ့က “အဲဒီစွပ်စွဲချက်ဟာ လုံးဝမှားယွင်းတဲ့စွပ်စွဲချက်ဖြစ်သလို လူ တွေကို လမ်းမှားစေတဲ့ သတင်းမှားသာဖြစ်ကြောင်း ပြောဆိုရင်း” ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှု ပြုလုပ်သွားပြီးပြီလို့ ပြောပါတယ်။

 

စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်မယ်ဆိုတာနဲ့ပတ်သက်ပြီး အစိုးရဆီက ဘာညွှန်ကြားချက်မှ မရသေးပေမဲ့ လို အပ်တဲ့မေးမြန်းစုံစမ်းမှုတွေနဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေကို ပြန်လည်ဖြေ ကြားပေးသွားမှာဖြစ်ကြောင်း အင်ဒရာပရက်သာဆေးဘက်ဆိုင်ရာကော်ပိုရေးရှင်းက ပြောပါတယ်။

 

Ref: New Delhi investigating alleged illegal transplants at Apollo hospital in city

 

#PeopleMedia


Share this post