• Follow Us on
Latest News

Home မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေဝယ်ယူနေ

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေဝယ်ယူနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

 

ထိုင်းနိုင်ငံ ကွန်ဒိုဈေးကွက်မှာ ပြည်တွင်းဝယ်လိုအားလျော့ကျနေပေမဲ့ နိုင်ငံခြားသားတွေ ဝယ်လိုအားမြင့်တက် လျက်ရှိရာ မြန်မာနိုင်ငံသားတွေဟာ အဆင့် ၈ နေရာက ပါဝင်ကြောင်း ဘန်ကောက်ပို့စ်မှာရေးသားဖော်ပြထား ပါတယ်။

 

နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ တရုတ်နိုင်ငံသားတွေက ထိပ်ဆုံးကဖြစ်ပြီး အဲဒီနောက်က ရုရှားနိုင်ငံ သားတွေနဲ့ အမေရိကန်နိုင်ငံသားတွေဖြစ်ကြောင်း၊ ထူးခြားမှုအနေနဲ့ ၂၀၂၂ ခုနှစ်မတိုင်ခင်က ထိပ်ဆုံး ၁၀ နိုင်ငံ ထဲမှာမပါတဲ့ မြန်မာနိုင်ငံသားတွေဟာ အဆင့် ၈ နေရာကပါဝင်လာကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ အဆင့် ၆ က လိုက်ခဲ့တယ်လို့ဆိုပါ တယ်။

 

အခုနှစ် ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို မြန်မာနိုင်ငံသားတွေဝယ်ယူထားတဲ့ တန်ဖိုးဟာ ဘတ်ငွေ ၇ သန်း ဖိုးအထိရှိတယ်လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (Real Estate Information Center – REIC) ရဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဗီချိုင်ဗီရတ်ကာပန်က ပြောပါတယ်။

 

တရုတ်နိုင်ငံသားတွေအများဆုံးဦးဆောင်နေတဲ့ ဝယ်လိုအားဟာ ပြီးခဲ့တဲ့နှစ်မှာ ၂၀.၅% ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ နိုင်ငံတစ်ဝန်း နိုင်ငံခြားသားဝယ်လိုအား ၂၄.၆% အထိ မြင့်တက်ခဲ့ပါတယ်။

 

ပထမနှစ်ဝက်ကာလမှာ နိုင်ငံတစ်ဝန်း ကွန်ဒိုတိုက်ခန်းတွေလက်ခံရရှိနေတဲ့ နိုင်ငံခြားသားတွေရဲ့အချိုးဟာ ဒုတိယနှစ်ဝက်ကာလထက် ၂၀% ပိုမြင့်မားကြောင်း ဗီချိုင်ဗီရတ်ကာပန်က ပြောပါတယ်။

 

“နိုင်ငံခြားသားတွေကြားထဲမှာ ကွန်ဒိုလွှဲပြောင်းရောင်းဝယ်မှုမြင့်မားလာတဲ့နှုန်းဟာ အပြည့်အဝပြန်လည်ဖွင့်လှစ် လာတာကနေ ပြီးခဲ့တဲ့နှစ် ဒုတိယနှစ်ဝက်ကာလအထိ မြင့်တက်ခဲ့ပါတယ်။ အဲဒီလိုမြင့်တက်လာခဲ့တဲ့အတွက် ကြိုပွိုင့်ဝယ်ယူထားတဲ့နိုင်ငံခြားသားတွေဟာ ပြန်လည်ရောင်းချနိုင်ခဲ့တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် အသင့်နေကွန်ဒိုတိုက်ခန်းဝယ်ယူတဲ့ နိုင်ငံခြားသားဦးရေဟာလည်း အတန်အသင့် မြင့်တက်လာခဲ့ တယ်လို့ ၎င်းက ပြောပါတယ်။

 

“ထိုင်းနိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်လိုအားက နှေးကွေးနေတုန်းပဲရှိပါသေးတယ်။ စီးပွားရေးမြှင့်တင်ဖို့ဆိုရင် အစိုး ရအနေနဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး ကွန်ဒိုအရောင်းမြှင့်တင်သင့်တယ်။ အခုလိုအရောင်းမြှင်တင် တာဟာ ပတ္တယားတို့ ဖူးခက်တို့လို နေရာတချို့မှာ နိုင်ငံခြားသားပိုင်ဆိုင်မှုကို မြှင့်တင်တာလည်းဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကာလမှာ နိုင်ငံခြားသားတွေဟာ ကွန်ဒိုတိုက်ခန်း ၇,၃၃၈ ခန်းဝယ်ယူခဲ့ပြီး တန်ကြေး အားဖြင့် ဘတ်ငွေ ၃၅.၂ ဘီလျံရှိကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) က ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ၁၀.၈% နဲ့ ၂၀.၅% ရှိရာကနေ အခုနှစ်မှာ ၁၄.၈% နဲ့ ၂၄.၆% မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။

 

ချွန်ဘူရီပြည်နယ်က ပထမဦးဆုံးအကြိမ်အဖြစ် ဘန်ကောက်ကိုကျော်လွန်ပြီး ကွန်ဒိုတိုက်ခန်းအရောင်းရဆုံး ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

 

အခုနှစ် ကွန်ဒိုတိုက်ခန်းအများဆုံးရောင်းချရတဲ့နေရာတွေကတော့ ချွန်ဘူရီ၊ ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်နဲ့ ပရာချူခီရီခန်တို့ဖြစ်ကြောင်း သိရပါတယ်။

 

Ref: Foreign demand continues to surge in H1

 

#PeopleMedia


Share this post