• Follow Us on
Latest News

Home မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ချင်းမိုင်မှာ အိမ်ရာတွေ ရှာဖွေဝယ်ယူနေ

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ချင်းမိုင်မှာ အိမ်ရာတွေ ရှာဖွေဝယ်ယူနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၈

 

ထိုင်းနိုင်ငံထဲမှာ အိမ်ခြံမြေဝယ်ယူနေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ဖူးခက်နဲ့ ချင်းမိုင်ဒေသတွေမှာ နေအိမ်တွေ ရှာဖွေနေကြသလို မြန်မာအိုးအိမ်ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကလည်း ချင်းမိုင်ပြည်နယ်မှာ လုံးချင်း အိမ်ရာ စီမံချက်တစ်ခုဆောင်ရွက်ဖို့ စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။

 

ထိုင်းအိမ်ခြံမြေတွေဝယ်ယူဖို့ မြန်မာနိုင်ငံသားတွေ စိတ်ဝင်စားမှုဟာ ရင်းနှီးမြှုပ်နှံမှုရည်ရွယ်ချက်ကနေ အပန်း ဖြေအနားယူဖို့ ရည်ရွယ်ချက်အထိ ပြောင်းလဲလာခဲ့ကြောင်း Colliers Thailand အိမ်ခြံမြေအကျိုးဆောင်အဖွဲ့ရဲ့ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ကာလိုပိုဘရီက ပြောပါတယ်။

 

“မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ စတင်ဖြစ်ပွားကတည်းက မြန်မာနိုင်ငံက ဝယ်လက်တွေက နှစ်စဉ် မြင့်တက်လာပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“လတ်တလောအဝယ်လိုက်နေတာက ချင်းမိုင်ဘက်မှာ အငြိမ်းစားယူပြီးနေထိုင်မယ့် အိမ်ရာတွေဝယ်ယူနေသ လို ဖူးခက်မှာတော့ အပန်းဖြေအိမ်ရာတွေ ဝယ်ယူနေတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ချင်းမိုင်မြို့မှာတော့ ဘတ်ငွေ သန်း ၂၀ နဲ့ သန်း ၃၀ ကြား တန်ကြေးရှိတဲ့ လုံးချင်းအိမ်လေးတွေကို ဝယ်လက် တွေက ရှာဖွေဝယ်ယူနေကြကြောင်း Colliers Thailand အိမ်ခြံမြေအကျိုးဆောင်အဖွဲ့က ပြောပါတယ်။

 

ဘိုးဘပိုင်မြေရာပိုင်ဆိုင်မှုအဖြစ် ဝယ်ယူဖို့ စိန်ခေါ်မှုတွေရှိနေပေမဲ့ အငှားစာချုပ်နဲ့ နေထိုင်ဖို့အတွက်တော့ အဲဒီ ဝယ်လက်တွေအတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

 

“ထိုင်းအိမ်ရာဝယ်လိုအားတွေ မြန်မာနိုင်ငံထဲမှာ သိသိသာသာမြင့်တက်နေတဲ့အတွက် မြန်မာနိုင်ငံက အိုးအိမ် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက ထိုင်းနိုင်ငံမှာ နှစ်ရှည်အငှားစာချုပ်နဲ့ နေထိုင်လို့ရမယ့် လုံးချင်းအိမ်ရာစီမံ ချက်တစ်ခုကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေပါတယ်။” လို့ မစ္စတာပိုဘရီက ပြောပါတယ်။

 

အဲဒီဆောက်လုပ်ရေးကုမ္ပဏီဟာ အိမ်ရာ/ဈေးဆိုင်တွေပါဝင်တဲ့ အဆောက်အအုံတွေ၊ ခြောက်ထပ်ကွန်ဒိုတိုက် ခန်းတစ်ခုနဲ့ ထိုင်းလုပ်ငန်းရှင်တစ်ဦးစီမံဆောင်ရွက်မယ့် ဟိုတယ်တစ်လုံးပါဝင်တဲ့ ဆောက်လုပ်ရေးစီမံချက်တစ် ခုကို မန္တလေးမှာ ဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။

 

ဖူးခက်မှာတော့ မြန်မာနိုင်ငံက ဝယ်လက်တွေဟာ လဂူနာကမ်းခြေနဲ့ ဘန်တာအိုကမ်းခြေအပါအဝင် ကမ်းခြေ တွေမှာရှိတဲ့ ဘတ် သန်း ၄၀ ဝန်းကျင်တန် အိမ်ကြီးရခိုင်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ ဆိုပါ တယ်။

 

ဘမ်ရောင်ရတ်ဆေးရုံကြီးက အဲဒီကမ်းခြေမှာ ဆေးရုံခွဲတစ်ခု မကြာခင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် မြန်မာ ဝယ်လက်တွေဟာ အဲဒီကမ်းခြေကအိမ်တွေမှာနေထိုင်ရင်း ကျန်းမာရေးအရ အနားယူအပန်းဖြေဖို့ ရည်ရွယ် ထားတယ်လို့ မစ္စတာပိုဘရီက ပြောပါတယ်။

 

ပထမအကြိမ် မြန်မာနိုင်ငံက ဝယ်လက်တွေဟာ ၎င်းတို့ကိုယ်တိုင် ဘေးကင်းခုံလှုံရာအဖြစ်အသုံးပြုဖို့ဖြစ်စေ၊ သားသမီးတွေပညာရေးအတွက်ဖြစ်စေ၊ ၎င်းတို့ကျန်းမာရေးအတွက် ဆေးဝါးကုသဖို့ဖြစ်စေ ရည်ရွယ်ပြီး ဘန် ကောက်မြို့က ထိုင်းအိမ်ရာတွေကို ဝယ်ယူခဲ့ကြတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဘန်ကောက်မြို့မှာတော့ မြို့နယ်အလိုက် ဆေးရုံတွေနဲ့ ဈေးဝယ်စင်တာတွေအနီးအဝေးပေါ်မူတည်ပြီး မြို့တွင်း အိမ်ရာဈေးနှုန်းတွေက ဘတ်ငွေ သန်း ၂၀ ကနေ သန်း ၇၀ အထိ ရှိတယ်လို့ ဆိုပါတယ်။

 

ဘန်ကောက်မြို့ထဲက ဆာသွန်ခရိုင်နဲ့ ဆီလမ်ခရိုင်တို့ကတော့ စာသင်ကျောင်းတွေနဲ့ရော မြန်မာသံရုံးနဲ့ပါ နီး တာကြောင့် ဝယ်လက်တွေ စိတ်ဝင်စားတဲ့နေရာတွေဖြစ်တယ်လို့ မစ္စတာပိုဘရီက ပြောပါတယ်။

 

ဒုတိယလှိုင်းဝယ်ယူမှုမှာတော့ မြန်မာဝယ်လက်တွေဟာ ဘန်းနားခရိုက်ထဲက မိုးပျံရထားဘူတာရုံတွေနဲ့ နီးတဲ့ ဒေသပေါက်ဈေး ဘတ်ငွေ ၂ သန်းကနေ ၅ သန်းအထိရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူခဲ့ကြတယ်လို့ ၎င်း က ပြောပါတယ်။

 

“အဲဒီမြန်မာဝယ်လက်တွေဟာ အသက် ၃၅ နှစ်နဲ့ အထက်အရွယ် မိသားစုဝင်တွေပါဝင်တဲ့ အလယ်အလတ် တန်းစားသုံးစွဲနိုင်တဲ့သူတွေဖြစ်ပါတယ်။ သူတို့က ထိုင်းနိုင်ငံက အိမ်ရာတွေမှာ ရင်းနှီးမြှုပ်နှံထားတာဟာ သူတို့ နိုင်ငံမှာ ရင်းနှီးမြှုုပ်နှံထားတာထက် ပိုပြီး ဘေးကင်းလုံခြုံတယ်လို့ ယုံကြည်ထားကြပါတယ်။ မြန်မာနိုင်ငံထဲမှာ သူတို့လုပ်ငန်းတွေ ရှိနေသလိုပဲ ထိုင်းနိုင်ငံဟာလည်း သူတို့ရဲ့ ဒုတိယအိမ်ဖြစ်ပါတယ်။” လို့ မစ္စတာပိုဘရီက ပြောပါတယ်။

 

Ref: Myanmar buyers look beyond Bangkok

 

#PeopleMedia


Share this post