• Follow Us on
Latest News

Home မြန်မာနိုင်ငံသားတွေ ၂၀၂၄ ပထမနှစ်ဝက်ကာလ ထိုင်းကွန်ဒိုတိုက်ခန်းဝယ်ယူမှု ၂၀၂၃ တစ်နှစ်လုံးဝယ်ယူမှု ထက် ကျော်လွန်သွား

မြန်မာနိုင်ငံသားတွေ ၂၀၂၄ ပထမနှစ်ဝက်ကာလ ထိုင်းကွန်ဒိုတိုက်ခန်းဝယ်ယူမှု ၂၀၂၃ တစ်နှစ်လုံးဝယ်ယူမှု ထက် ကျော်လွန်သွား

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄

 

ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ် နှစ်ဝက်ကာလအတွင်း မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုဟာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံး ဝယ်ယူမှုထက် ကျော်လွန်သွားပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။

 

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း ဘတ်ငွေ ၃.၂၄ ဘီလျံတန်ကြေးရှိ ကွန်ဒိုတိုက်ခန်း ၆၃၈ ခန်းကို မြန်မာနိုင်ငံသားတွေ ဝယ်ယူခဲ့ကြောင်း အိမ်ခြံမြေသတင်းစင်တာ (Real Estate Information Center – REIC) ရဲ့အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

 

ဒီပမာဏဟာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံး မြန်မာနိုင်ငံသားတွေ ဝယ်ယူခဲ့တဲ့ ဘတ်ငွေ ၃.၇ ဘီလျံ တန်ကြေးရှိ ကွန် ဒိုတိုက်ခန်း ၅၆၄ ခန်းကို ကျော်လွန်သွားတာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံတစ်ဝန်း ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုဟာ ဘတ်ငွေ ၂၇၄ သန်း တန်ကြေးရှိ တိုက်ခန်း ၃၀ သာဖြစ်ပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ ဘတ်ငွေ ၂.၅၅ ဘီလျံ တန်ကြေးရှိ တိုက်ခန်း ၃၄၉ ခန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

 

“နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုတွေကြားမှာ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေဟာ ပထမဦးဆုံး အဖြစ် ထိပ်တန်း ၁၀ နိုင်ငံထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။ အဲဒီအရင်က မြန်မာနိုင်ငံသားတွေ ကွန်ဒိုတိုက်ခန်း ဝယ်ယူတာ တစ်နှစ်ကို တိုက်ခန်း ၂၀-၃၀ ဝန်းကျင်သာ ရှိပါတယ်။” လို့ REIC ခေတ္တညွှန်ကြားရေးမှူးချုပ် ဝီချိုင်း ဝီရတ်ကာပန်က ပြောပါတယ်။

 

၂၀၂၂ ခုနှစ်မှာတော့ ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ မြန်မာနိုင်ငံသားတွေဟာ တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံသားတွေနောက်က လိုက်ပြီး အဆင့် ၆ နေရာကို ရယူခဲ့ပါ တယ်။ ကွန်ဒိုတိုက်ခန်း ဝယ်ယူရရှိမှုတန်ဖိုးမှာတော့ မြန်မာနိုင်ငံသားတွေဟာ တရုတ်နဲ့ ရုရှားနောက်မှာရှိနေပြီး နံပတ် ၃ နေရာကို ရယူထားတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ တရုတ်၊ ရုရှား၊ အမေရိကန်ပြီးရင် အဆင့် ၄ နေရာကို ရယူထားခဲ့ပြီး ဝယ်ယူထားတဲ့ တန်ဖိုးအရ တရုတ်နဲ့ ရုရှားနောက် အဆင့် ၃ နေရာကို ရယူထားပါ တယ်။

 

၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်ကာလမှာတော့ မြန်မာနိုင်ငံသားတွေဟာ တရုတ်နိုင်ငံသားတွေနောက်ကနေ လေး ငါးနှစ်အတွင်း အမြဲဒုတိယလိုက်နေတဲ့ ရုရှားနိုင်ငံသားတွေကို ကျော်တက်သွားပြီး ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အ ရေအတွက်ရော ဝယ်ယူထားတဲ့ဈေးနှုန်းမှာရော ဒုတိယ နေရာကို ရယူသွားပါတယ်။

 

ဒါပေမဲ့ ၂၀၂၄ ပထမသုံးလပတ်မှာ ကွန်ဒိုတိုက်ခန်းရောင်းအား ၃၉၂ ခန်း (ဘတ်ငွေ ၂.၂ ဘီလျံ) ရှိပေမဲ့ ထိုင်း နိုင်ငံမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုကို မြန်မာအစိုးရက နှိပ်ကွပ်လာတဲ့အကျိုးဆက်အဖြစ် ဒုတိယသုံးလပတ်မှာ ရောင်းအား ၂၆၄ ခန်း (ဘတ်ငွေ ၁ ဘီလျံ) အထိ ကျဆင်းသွားပါတယ်။

 

Ref: Myanmar condo transfers see surge

 

#PeopleMedia


Share this post