• Follow Us on
Latest News

Home မြန်မာနိုင်ငံသားများသည် အဓမ္မလုပ်အားခိုင်းစေမှု၊ အဓမ္မလက်ထပ်ထိမ်းမြားမှုစသည့် လူကုန်ကူးမှုပုံစံများဖြင့် နှစ်စဉ်လူကုန်ကူးခြင်းခံနေရဟု ပြည်ထဲရေးဝန်ကြီးပြောဆို

မြန်မာနိုင်ငံသားများသည် အဓမ္မလုပ်အားခိုင်းစေမှု၊ အဓမ္မလက်ထပ်ထိမ်းမြားမှုစသည့် လူကုန်ကူးမှုပုံစံများဖြင့် နှစ်စဉ်လူကုန်ကူးခြင်းခံနေရဟု ပြည်ထဲရေးဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

မြန်မာနိုင်ငံသားများသည် အဓမ္မလုပ်အားခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မလက်ထပ်ထိမ်းမြားမှု စသည့်လူကုန်ကူးမှုပုံစံများဖြင့် ပြည်တွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ နှစ်စဉ်လူကုန် ကူးခြင်း ခံနေရကြောင်း ဧကာဒသမအကြိမ်မြောက်  မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့တွင် ပြည်ထဲ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့သည့်သဝဏ်လွှာတွင် ပြောဆို ထားသည်။

 

လူကုန်ကူးမှုသည် လူသားအချင်းချင်းစာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော လူ့အခွင့်အရေးချိုး ဖောက်မှုတစ်ရပ်ဖြစ်ကြောင်း၊ လူကုန်ကူးသူများသည် ဘဝရပ်တည်ရန်ခက်ခဲနေသောအခြေအနေကို အခွင့် အရေးတစ်ရပ်အဖြစ် အသုံးချလျက်ရှိကြောင်း၊ လက်ရှိကာလတွင် ကမ္ဘာ့နိုင်ငံများက လူကုန်ကူးမှုများအား နိုင်ငံဖြတ်ကျော်မှုခင်းအမျိုးအစားတစ်ရပ်အဖြစ်လက်ခံထားကြပြီး နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းအားထုတ် တား ဆီးကာကွယ်နေကြသော်လည်း ဖြစ်ပွားမှုမြင့်မားနေဆဲပင်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

မြန်မာနိုင်ငံသားများသည် အဓမ္မလုပ်အားခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မလက်ထပ်ထိမ်းမြားမှု စသည့်လူကုန်ကူးမှုပုံစံများဖြင့် ပြည်တွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ နှစ်စဉ်လူ ကုန်ကူးခြင်း ခံနေရကြောင်း၊ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုအပါအဝင် ဘဝရပ်တည် ရန်ခက်ခဲသည့် အခြေအနေများကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ တရားဝင်/တရားမဝင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ကြရာမှ ပွဲစားများ၏ မက်လုံးပေးစည်းရုံးမှုကြောင့်လည်းကောင်း၊ တရားဝင် အလုပ်သမားစေလွှတ်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်းမရှိသော နိုင်ငံများသို့ တရားမဝင်ပို့ဆောင်ခံရခြင်းကြောင့် လည်းကောင်း လုပ်အားခေါင်းပုံဖြတ်မှုနှင့် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့ကို ခံနေကြရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။

 

မြန်မာနိုင်ငံသည် Online ကိုအသုံးပြု၍ လိမ်လည်မှုကျူးလွန်ရန်အလို့ငှာ အဓမ္မစေခိုင်းမှုများကို လတ်တလော ရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံများမှ နိုင်ငံသားများလည်း အဆိုပါဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောဆိုသည်။

 

ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်နှင့်အညီ လူကုန်ကူးခံရသူများ အား ခရီးစရိတ်၊ ဆေးကုသစရိတ်နှင့် ကျွေးမွေးစရိတ်များ ထောက်ပံ့ပေးခြင်း၊ ဘဝပြန်လည်ထူထောင်နိုင်ရန်နှင့် ရပ်တည်နိုင်ရန်တို့အတွက် တစ်ဦးချင်းလိုအပ်ချက်များကို ထောက်ပံ့ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုထားသည်။

 

#PeopleMedia


Share this post