• Follow Us on
Latest News

Home မြန်မာနိုင်ငံသား ဘယ်သူ့ကိုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း အဝါမီအဖွဲ့ ချုပ်ပါတီရဲ့ အတွင်းရေးမှူး အိုဘေးဒူကွာဒါပြော

မြန်မာနိုင်ငံသား ဘယ်သူ့ကိုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း အဝါမီအဖွဲ့ ချုပ်ပါတီရဲ့ အတွင်းရေးမှူး အိုဘေးဒူကွာဒါပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် လုံးဝ သဘောမကောင်းနိုင်တော့ကြောင်းနဲ့ ဘယ်လိုအခြေအ နေမျိုးမှာပဲဖြစ်စေ အိုးအိမ်စွန့်ခွာထွက်ပြေးလာမယ့် နောက်ထပ် မြန်မာနိုင်ငံသား ဘယ်သူ့ကိုမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝါမီအဖွဲ့ချုပ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး အိုဘေးဒူကွာဒါက တနင်္လာနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“မြန်မာ့ပြဿနာနဲ့ပတ်သက်ပြီး နောက်ထပ်သဘောကောင်းဖို့ မဖြစ်နိုင်တော့ဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နောက်ထပ်ဝင်ရောက်လာမယ့် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဝင်ရောက်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။” လု့ိ အာဏာရ ပါတီအတွင်းရေးမှူး ကွာဒါက ပြောပါတယ်။

 

တနင်္လာနေ့မွန်းလွဲပိုင်းက အဝါမီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒန်မွန်ဒီရဲ့ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု မှာ သယ်ယူပို့ဆောင်ရေးနဲ့ လမ်း/တံတား ဝန်ကြီးဌာနဝန်ကြီးလည်းဖြစ်တဲ့ ကွာဒါက အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ဘင်္ဂလီဒုက္ခသည်ပြဿနာတွေကို ဆက်လက်ကိုင် တွယ်ရင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နောက်ထပ်ဒုက္ခသည်တွေကို ဆက်လက်လက်ခံဖို့ ငဲ့ညှာထောက်ထားနေ မှာမဟုတ်တော့ကြောင်း ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့ ဒီဝန်ထုပ်ဝန်ပိုးကြီးကို နောက်ထပ်ဆက်ပြီး ထမ်းပိုးမထားနိုင်တော့ပါဘူး။” လို့ ၎င်းက ပြောပါ တယ်။

 

“မြန်မာနိုင်ငံတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့နယ်မြေအနီးက ကျေးရွာတချို့အတွက် ကျွန်တော်တို့ စိုးရိမ်ပူပန်ပါ တယ်။ အဲဒီပဋိပက္ခတွေအဆုံးသတ်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါလိမ့်မယ်။ ဘယ်လောက်ပဲ ရန်စစ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်မှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

“မြန်မာနိုင်ငံဘက်က လေကြောင်းပိုင်နက်ချိုးဖောက်တာတွေလည်း ရှိပါတယ်။ သူတို့နိုင်ငံထဲမှာဖြစ်နေတဲ့ ပြဿနာတွေကြောင့် ကျွန်တော်တို့က ဘာ့ကြောင့် ပြဿနာတွေကိ ရင်ဆိုင်ရမှာလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ဦးဆောင်ဖြေရှင်းသင့်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာနို်င်ငံထဲက ပဋိပက္ခတွေဟာ ၎င်းတို့ပြည်တွင်းရေးသာဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေကို အန္တရာယ်မကျ ရောက်စေသင့်ဘူဆိုတာကို ၎င်းတို့နားလည်သင့်ကြောင်း ကွာဒါက ပြောပါတယ်။

 

“ဒီကိစ္စမှာ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်စကားကိုနားထောင်တဲ့ အတွက် ဒီပြဿနာမှာ တရုတ်နိုင်ငံကလည်း အဓိကအခန်းက ပါဝင်ဆောင်ရွက်သင့်တယ်ဆိုတာကို တရုတ်သံ အမတ်ကြီးကို ကျွန်တော်ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိအောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအ နေနဲ့ ကြိုးပမ်းခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

မကြာသေးခင်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး BNP ပါတီရဲ့ အဆက်မပြတ်ဝေဖန်ပြောကြားမှုတွေ အကြောင်း မေးမြန်းရာမှာ “လူထုက ခင်ဗျားတို့ BNP ပါတီနဲ့ ဝေးဝေးကို ရှောင်ရှားနေကြပါပြီ။ ခင်ဗျားတို့ရဲ့ နိုင်ငံ တကာမဟာမိတ်တွေလည်း အဝေးကို ပြန်ထွက်သွားကြပါပြီ။ အမေရိကန်အစိုးရကလည်း လက်ရှိအချိန်မှာ ရှိတ်ဟာဆီနာအစိုးရနဲ့ အလုပ်လုပ်ဖို့ ကတိပြုလိုက်ပါပြီ။ အာဏာပြန်ရဖို့ BNP ပါတီက ဘာတွေများမျှော်လင့်နေ တာလဲ။” လို့ ကွာဒါက ပြောပါတယ်။

 

Ref: Quader: No Myanmar nationals will be allowed to enter Bangladesh

 

#PeopleMedia


Share this post