မြန်မာနိုင်ငံသား ၁၈.၆ သန်း လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေ
PUBLISHED - March 4, 2024
နိုင်ငံတကာ၊ မတ် ၄
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့လူဦးရေ ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေကြောင်း ကုသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး The United Nations Office for the Coordination of Humanitarian Affairs (OCHA) က မတ်လ ၃ ရက် နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ငံသားအများအပြားဟာ တိုက်ပွဲတွေကြား မလုံခြုံတဲ့ဘဝကနေ အသက်လုပြေးလွှားနေရသလို တဖြည်း ဖြည်းပိုမိုဆိုးရွားလာတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့်လည်း အခြေခံလိုအပ်ချက်တွေအတွက် မနည်းရုန်းကန် နေရတယ်လို့ ဆိုပါတယ်။ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာရာ အထူးသဖြင့် အနေက်မြောက်ဒေသ၊ အရှေ့တောင်ပိုင်းဒေသနဲ့ ရခိုင်ပြည်နယ်တို့မှာ အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ ၂.၇ သန်းကျော် ရှိသွားပြီလို့ OCHA က ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ထဲက လူစည်ကားရာဈေးအတွင်း လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်သေကြေ ဒဏ်ရာရရခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်နဲ့ဆက်သွယ်ထားတဲ့ ကုန်း လမ်း၊ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားလိုက်တဲ့အတွက် စားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ရှားပါးပြတ်တောက်လာပြီး အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာခဲ့တယ်လို့ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ဇန်နဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရှရှိခဲ့တဲ့အတွက် တခြားဒေသတွေနဲ့ယှဉ်ရင် တည်ငြိမ်နေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ မြေမြှုပ်မိုင်းအကျွင်းအကျန်တွေ၊ လက်နက်ကိုင်အဖွဲ့တွေက တပ်သားသစ်စုဆောင်းနေတာတွေ၊ သီးခြား ခွဲနေရတဲ့စိတ်ဖိစီးမှုတွေနဲ့ ခရီးသွားလာခွင့်ကန့်သတ်ထားမှုတွေက ဒေသခံလူထုကို ခြိမ်းခြောက်နေတယ်လို့ OCHA က ပြောပါတယ်။
လားရှိုးကနေ ယာယီပြန်လည်ခေါ်ယူထားတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေကို လုံခြုံရေးအခြေအနေ တိုးတက်လာ တဲ့အတွက် မကြာခင်မှာ ပြန်လည်စေလွှတ်သွားမှာဖြစ်တယ်လို့လည်း OCHA က ပြောပါတယ်။
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမှု၊ လက်နက်ကိုင်အဖွဲ့တွေအားလုံးက အမိန့်ထုတ်ထားတဲ့ တားဆီးကန့်သတ် မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာမှု ဝန်ထမ်းတွေကို နှောင့်ယှက်မှုတွေကြောင့် အကူအညီလိုအပ် နေသူတွေထံ အရောက်သွားဖို့ အခက်အဲအတားအဆီးတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၃.၂ သန်းထံ အကူအညီတွေ ရောက်ရှိခဲ့ပေမဲ့ ရန်ပုံငွေလျော့ပါး နေမှုနဲ့ သွားလာရေးအခက်အခဲတွေကြောင့် စီစဉ်ထားတဲ့အတိုင်း ထိထိရောက်ရောက် အကူအညီမပေးနိုင်ခဲ့ ဘူးလို့ OCHA က ပြောပါတယ်။
Ref: Myanmar Humanitarian Update No. 36 | 3 March 2024
#PeopleMedia