မြန်မာနိုင်ငံအစား ၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဖိလစ်ပိုင်ပြော

PUBLISHED - September 6, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၆
ဖိလစ်ပိုင်က မြန်မာနိုင်ငံအစား ၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အာဆီယံခေါင်းဆောင်တွေကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
“ဖိလစ်ပိုင်က ၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်” လို့ မားကို့စ်က အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ဥက္ကဋ္ဌအဖြစ် ဖီလစ်ပိုင်ကို ဘာကြောင့်လွှဲပြောင်းရယူခဲ့သလဲ ဆိုတာကိုတော့ မားကို့စ်က ပြောဆိုခဲ့ခြင်းမရှိပါဘူး။
ဒါပေမယ့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ “ဆုံးဖြတ်ပြီးပါပြီ။ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ကြေညာခဲ့ပြီး ကန့်ကွက်စရာ မရှိပါဘူး” လို့ အမည် မဖော်လိုတဲ့ သံတမန်တစ်ဦးက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဒုတိယသံတမန်တစ်ဦးကလည်း လွန်ခဲ့တဲ့ နှစ်နှစ်ကသဘောတူညီခဲ့တဲ့ အချက်ငါးချက်ပါ အစီအစဉ်ရဲ့ တိုးတက်မှုအပေါ် ခေါင်းဆောင်တွေက အကဲဖြတ်ခဲ့ပြီးနောက် အသွင်ကူးပြောင်းမှုကို သဘော တူညီခဲ့ကြတာလို့ ပြောပါတယ်။
ref; AFP
#PeopleMedia