မြန်မာနိုင်ငံအတွက် အချက်လေးချက်ပါ အစီအစဉ်တစ်ရပ် ထိုင်းအောက်လွှတ်တော်ကော်မတီရေးဆွဲ
PUBLISHED - March 18, 2024
နိုင်ငံတကာ၊ မတ် ၁၈
မြန်မာနိုင်ငံထဲက အခက်အခဲပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့အတွက် အချက်လေးချက်ပါတဲ့ လုပ်ငန်းအစီ အစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးရာ အောက်လွှတ်တော်ကော်မတီက ရေးဆွဲတင်ပြလိုက်ပါတယ်။
ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံထဲကအခြေအနေတွေကို စောင့်ကြည့်လေ့လာနေပြီး ပြဿနာတွေအ ဆုံးသတ်ရေးအတွက် ကြိုးပမ်းမှုအားလုံးကို ထောက်ခံသွားမှာဖြစ်ကြောင်း အဆိုပါကောမတီရဲ့ဥက္ကဋ္ဌဖြစ်ပြီး ဖီ ယူထိုင်းပါတီဝင် လွှတ်တော်အမတ်ဖြစ်တဲ့ နုတ်ပါဒန်ပတ္တမာက ပြောပါတယ်။
ပေါင်းစပ်ညှိနှိုင်းထားတဲ့ တုံ့ပြန်မှုတစ်ခု ဆောင်ရွက်ခဲ့ရင် အစိုးရကို အထောက်အကူပြုနိုင်မယ့် အချက်လေးချက် ပါ အဆိုပြုလွှာတစ်ခုကို ကော်မတီက ရေးဆွဲထားကြောင်း ၎င်းက ပြောပါတယ်။
ပထမအချက်က အခြေအနေတွေစောင့်ကြည့်လေ့လာပြီး ကဏ္ဍစုံတုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာ အရာရှိတွေပါဝင်တဲ့ အထူးကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကို အစိုးရက ဖွဲ့စည်းထားဖို့ ဖြစ်ပါတယ်။
ဒုတိယအချက်က နယ်စပ်ပြည်နယ်တွေမှာ နိုင်ငံရေးဒုက္ခသည်တွေ မြင့်တက်လာအောင် တွန်းပို့ပေးနိုင်တဲ့ တိုက်ပွဲတွေအရှိန်မြင့်လာခဲ့ရင် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့အတွက် အရေးပေါ်အစီအစဉ်တစ်ရပ်ရေးဆွဲပြီး အသင့်ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။
ဧပြီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်သားသစ်စုဆောင်းမှုကို အရှိန်မြှင့်ဆောင်ရွက်လာမှာဖြစ်တဲ့အတွက် တိုက်ပွဲတွေ ပိုမိုအရှိန်မြင့်လာနိုင်ကြောင်း နုတ်ပါဒန်ပတ္တမာက ပြောပါတယ်။
တတိယအချက်က အစိုးရအနေနဲ့ ကျေးရွာသုံးရွာမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၁၀,၀၀၀ ကိုသာ ကန့်သတ်ကူညီ မယ့်အစား စစ်ပွဲကြောင့် ဘေးဒုက္ခရောက်လာတဲ့ပြည်သူအားလုံးကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှု အကူအညီတွေကို တိုးချဲ့ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ဘက်စုံကူညီထောက်ပံ့နိုင်ဖို့အတွက် အာဆီယံအဖွဲ့အနေနဲ့လည်း ပါဝင်ဆောင်ရွက်သင့်ကြောင်း နုတ်ပါဒန် ပတ္တမာက ပြောပါတယ်။
“ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံထဲက အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးရာမှာ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးနိုင်တဲ့နိုင်ငံအဆင့်ကနေ ကျော်လွန်ပြီး ဦးစီးဆောင်ရွက်နေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့အခန်းကဏ္ဍကို ရယူသင့်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
နောက်ဆုံး စတုတ္ထအချက်ကတော့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် တိုက် တွန်းဆောင်ရွက်ရာမှာ အာဆီယံဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံ၊ တရုတ်၊ အိန္ဒိယတို့ပါဝင်တဲ့ မြန်မာအပေါင်း သုံးပါတီ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး မြန်မာနိုင်ငံက ငြိမ်းချမ်းရေးကိစ္စတွေကို ဦးစီးဆောင်ရွက်ဖို့ဖြစ်ပါတယ်။
အခုအဆိုပြုထားတဲ့ အစီအစဉ်ဟာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အဖွဲ့အစည်းအားလုံး ဆွေးနွေးကြဖို့နဲ့ လူသား ချင်းစာနာမှုအကူအညီလမ်းကြောင်းတွေ ဖွင့်လှစ်ပေးဖို့ တောင်းဆိုထားတာတွေပါဝင်တဲ့ အာဆီရဲ့ဘုံသဘော တူညီချက် ငါးချက်နဲ့ အညီ ရေးဆွဲထားတာဖြစ်ကြောင်း မစ္စတာ နုတ်ပါဒန်က ပြောပါတယ်။
“ကျွန်တော်တို့ဟာ အကြံပေးရုံသက်သက်မဟုတ်ဘဲ ကိုယ်တိုင်ဝင်ရောက်ပြီး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံထဲက ပဋိပက္ခက ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရာမှာ အာဆီယံ အဖွဲ့နဲ့ ထိုင်းနိုင်ငံအတွက် အရမ်းခက်ခဲနေတဲ့အရာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီကိစ္စ အောင်မြင်အောင် ဆောင်ရွက်နိုင်ရင် ထိုင်းနိုင်ငံကိုလည်း ကမ္ဘာက အသိအမှတ်ပြုလာမှာပါ။” လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ နုတ်ပါဒန်က ပြောပါတယ်။
မြန်မာနိုင်ငံထဲက စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုလမ်းကြောင်းတစ်ခုဖွင့်လှစ်ပြီး ကူညီ ဖို့ ထိုင်းအစိုးရက အစောပိုင်းကတည်းက သဘောတူညီထားပြီးဖြစ်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာ နစက အစိုးရကိုယ်စားလှယ်တစ်ဦးက ထောက်ခံထားတဲ့ အဲဒီ အစီ အစဉ်အရ အာဆီယံလူသားချင်းစာနာမှုအဖွဲ့ရဲ့ ကြီးကြပ်မှုအောက်ကနေ ထောက်ပံ့ရေးအစီအစဉ်တွေကို ထိုင်း- မြန်မာ ကြက်ခြေနီအဖွဲ့တွေက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပထမဦးဆုံး လူသားချင်စာနာမှုယာဉ်တန်းဟာ ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှာရှိတဲ့ ထိုင်း-မြန်မာ အမှတ် ၂ တံတားကနေ မတ်လ ၂၅ ရက်ေ့မှာ စတင်ဝင်ရောက်လာမှာဖြစ်ပါတယ်။
Ref: Four-point plan for crisis in Myanmar
#PeopleMedia