• Follow Us on

Home မြန်မာနိုင်ငံအတွင်းက အထည်ချုပ်လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ H&M ပြော

မြန်မာနိုင်ငံအတွင်းက အထည်ချုပ်လုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ H&M ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈

 

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်ကုမ္ပဏီ H&M ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေကို တဖြည်း ဖြည်းချင်း ရပ်တန့်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောပါ တယ်။

 

မြန်မာနိုင်ငံအတွင်းက အထည်ချုပ်စက်ရုံမှာ အလုပ်သမားအလွဲသုံးစား ပြုလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမှုပေါင်း ၂၀ ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် H&M ဘက်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

“သေချာစဉ်းစားပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ဖြည်းဖြည်းချင်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ” လို့ H&M က ရိုက်တာကို ပြောပါတယ်။

 

Zara၊ Primark၊ Marks & Spencer တို့လို ဖက်ရှင်ကုမ္ပဏီတွေ မြန်မာနိုင်ငံအတွင်းက ပြန်လည်ထွက်ခွာ သွားပြီးတဲ့နောက် H&M လည်း နောက်ဆုံးထွက်ခွာဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

 

“H&M ရဲ့ ကြေငြာချက်ကြောင့် မြန်မာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အမျိုးသမီး အလုပ်သမားတွေအပေါ် အပျက် သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာတဲ့အတွက် စိတ်မကောင်းပါဘူး” လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းက ပြောပါတယ်။

 

Ref; cna

 

#PeopleMedia


Share this post