မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသော တရုတ်နိုင်ငံသား ၂၆၂ ဦးကို ဆက်လက်လွှဲပြောင်း ပေးအပ်

PUBLISHED - November 30, 2023
နေပြည်တော်၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသ များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက် ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်လည်း တရုတ် နိုင်ငံသား အမျိုးသား ၂၁၁ ဦး၊ အမျိုးသမီး ၅၁ ဦး၊ စုစုပေါင်း ၂၆၂ ဦးကို စိစစ်ဖော်ထုတ် ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၀၃၄ ဦး၊ အမျိုးသမီး ၁၁၃၆ ဦး၊ စုစုပေါင်း ၁၀၁၇၀ ဦး တို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်း များဆောင်ရွက် ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေး အပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား များအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia