မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေသော တရုတ်နိုင်ငံသား ၂၁၂ ဦးကို ဥပဒေနှင့်အညီ ဆောင် ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်
PUBLISHED - December 1, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုး ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှ တစ် တင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း နစကမှ သိရသည်။
ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၁၈၂ ဦး၊ အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၂၁၂ ဦးကို စိစစ်ဖော်ထုတ် ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၉၂၁၆ ဦး၊ အမျိုး သမီး ၁၁၆၆ ဦး၊ စုစုပေါင်း ၁၀၃၈၂ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေး အပ် ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား များအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#PeopleMedia