• Follow Us on

Home မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေသူ တရုတ်နိုင်ငံသား ၁၈၅၉ ဦးကို ဆက်လက်လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေသူ တရုတ်နိုင်ငံသား ၁၈၅၉ ဦးကို ဆက်လက်လွှဲပြောင်းပေးအပ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၂

 

အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှု များပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေး အပ်လျက်ရှိ‌ကြောင်း သိရသည်။

 

ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၁၈၁၆ ဦး၊ အမျိုးသမီး ၄၃ ဦး၊ စုစုပေါင်း ၁၈၅၉ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်း ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၃၇၃၃ ဦး၊ အမျိုးသမီး ၁၈၅ ဦး၊ စုစုပေါင်း ၃၉၁၈ ဦး တို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်း များဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေး အပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့‌ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများ အား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

 

#PeopleMedia


Share this post